ကျနော်ဒီနေ့ ကျောင်းကိုအစောကြီးရောက်နေတယ် ။ကျောင်းစတတ်ထဲကခုချိန်ထိ ပထမဆုံး P.God ကားနဲ့မဟုတ် ကျောင်းလာချင်းပါ။ ဘာလို့လဲဆိုတော့ ဟိုနေ့က ကိစ္စနဲ့ ပတ်သက်ပီး သူ့ကိုကျနော် ရှက်နေတုန်းပဲ ညအိပ်တော့လည်းအိပ်မပျော်ဘူး ဒီကြားထဲ Zuနဲ့Julyပို့လိုက်တဲ့ ပုံက ကျနော့်ကို ပိုစိတ်အနှောက်ယှက်ဖြစ်စေတော့တာ။ သူတို့ကို ကျနော်ရှက်ပေမယ့် ဟိုလူကြီးနဲ့ မျက်နှာချင်းဆိုင်ရမှာက ပိုဆိုးတယ်။ မနေ့က ကျနော့်ပါးစပ်မှာ ကိုက်ထားတဲ့မုန့်ကို P ငုံကိုက်လိုက်တဲ့အချိန် ကျနော် ကမ္ဘာကြီးနဲ့ ခနလောက် အဆက်သွယ် ပျက်သွားသလိုခံစားလိုက်ရတာလေ ပီးတော့ Oနဲ့Noအမြွှာနှစ်ကောင် နောက်က ခိုးပီး လိုက်ချောင်းမှန်းလဲမသိခဲ့ဘူး ။သူတို့ရိုက်ထားတဲ့ ပုံကိုကျနော့်စီပို့ပီး သူတို့ကို ညာထားတယ် အတည်တွဲနေကြတာမှလားနဲ့တစ်ဖွဲ့လုံး ကျနော့်ကို ပြသနာ ရှာပါလေရော ။မနေ့ကထဲက အာပေါက်မတတ်ရှင်းပြနေရတယ် ။Nt မတင်ဖို့ ဖျက်ပစ်ဖို့ကို တင်းတင်းမာမာ ပြောထားလဲ ဖျက်ပစ်မယ့်သူတွေမဟုတ်ဘူးဆိုတာသိနေတယ် ။ဘာပဲဖြစ်ဖြစ် ntပေါ်ရောက်မသွားဖို့သာ အရေးကြီးတာပါ ။
"ဟုတ်လို့လား "
"ငါတို့ကို မညာနဲ့နော် baby "
"မညာပါဘူးဆိုဟာ "
"အမယ်လေး ကိုကိုbasရယ် တွဲနေတယ် ဆိုလဲ ဘာဖြစ်လဲ P God ကိုကြိတ်ကြွေနေကြတာမှ တပုံကြီး ပီးတော့ကိုကိုbasတို့က နေနဲ့လ လိုလိုက်ဖက်တာ များတို့ကတော့ သဘောတူပီးသား "
"No မင်းအပေါက်ကြီး ပိတ်ထားလို့မရဘူးလား မနေ့ကိစ္စမှာ မင်းတို့နှစ်ယောက် တရားခံနော် ဖျက်ခိုင်းထားတာ ဖျက်ပီးပြီလား "
"ဟယ် ကိုကိုကလဲ များကိုပါ လာဆွဲထည့်နေတယ် ဘာကိုဖျက်ရမှာလဲ ကြောက်စရာကြီး "
"Shit 'ya ဘာတွေပြောနေတာလဲ ပုံဖျက်ပီးပြီလားမေးတာ "
"ဟို အဲ့ဒါကလေ မိZu လုပ်အူး ငါ့ကို ဝုန်းနေပီဒီမှာ "
YOU ARE READING
ခလေးချစ်သောလူကြီး
Random#Bl boy x boy အချစ်က ဟန်ဆောင်ခြင်းကင်းတယ် မာယာကင်းတယ် ထိုကလေးနှစ်ယောက်ကို ချစ်သော အချစ်က ဖြူစင်တယ် My idol..my baby bas & God 😍💚💚