"သား"
"ဗျာ မေ"
"သားပါးပါး သားကိုအိမ်လာဖို့ခေါ်ထားတယ် သား ....ပါးပါးကို ဘာတွေ ပူစာထားပြန်ပီလဲ"
"မေကလဲ သားဘားမှမပူစာပါဘူး ဟိုနေ့က Tvကြည့်နေရင်း Game စက်အသစ်တွေ တွေ့လို့ လိုချင်လိုက်တာပဲပြောမိတာ "
"သားရယ် ခလေးလဲမဟုတ်တော့ဘူး ခုထိ အဲ့gameတွေပဲ ဆော့ဖို့ စိတ်ဝင်စားနေ သားဆယ်တန်းရောက်နေပြီနော် "
"ခုမှ ကျောင်းဖွင့်ခါစ ကို စာတွေမှ အရေးမကြီးသေးတာ သားလိုက်နိုင်ပါတယ်မေရဲ့ သားပါးပါးစီ သွားလိုက်အူးမယ်"
"မဖြစ်သေးပါဘူး စာလိုက်နိုင်လဲ အဆော့မတ်နေတာနဲ့ စာလုပ်မှာ မှမဟုတ်တာ မမလင်းတို့ကို ပြောထားအုံးမှပါ ပူစာသမျှ ဝယ်မပေးဖို့ကို "
"မေရာ သားမပူ ပါဘူးဆို သွားပြီ တတာ "
"ဟဲ့ ဩော် ဒီခလေး"
မေ့ ပါးဖောင်းဖောင်းလေးကို ဆွဲပစ်ခဲ့ပီးမှ ပြေးထွက်လာခဲ့လိုက်သည် ပါးပါးစီက gameစက်အသစ်ကို စိတ်ဝင်စားနေမိသည် ......
"ပါးပါး "
"မင်းဘယ်သူလဲ ဘာလို့သူများခြံထဲ အသံမပေးပဲဝင်လာတာလဲ"
ခြံထဲကနေ အိမ်ထဲ အပြေးတပိုင်းဝင်လာတဲ့ခြေလှမ်းတွေက အိမ်ပေါက်ဝနားအရောက်မှာ နောက်က အသံကြောင့် ရပ်တန့်သွားရသည်...။
ကိုကို........အသိစိတ်တစ်ချို့၏ အတွင်းပိုင်းစီမှ ခပ်တိုးတိုး ထွက်ကျလာတဲ့ စကားစု တစ်ခု.....
Gameစီကိုသာ အာရုံရောက်နေတာမို့ ခြံထဲမှာရှိနေသော သူ့ကိုမမြင် ကားရေဆေးနေပုံရသော သူသည် လက်ထဲတွင်ဆပ်ပြာအမြှုတ်များပြည့်နေတဲ့ဖော့တုံးတစ်တုံးကိုကိုင်ထားသည် ဒူးမရောက်တရောက် ဘောင်းဘီတိုအနက်နှင့် ဖြူစွတ်သောစွပ်ကျယ်ကို ဝတ်ထားတာကြောင့် အင်္ကျီကင်းလွတ်နေတဲ့ လက်မောင်းကြွက်သားများမှ သွေးကြောများကိုပင် မြင်နေရသည် ......။
YOU ARE READING
ခလေးချစ်သောလူကြီး
Random#Bl boy x boy အချစ်က ဟန်ဆောင်ခြင်းကင်းတယ် မာယာကင်းတယ် ထိုကလေးနှစ်ယောက်ကို ချစ်သော အချစ်က ဖြူစင်တယ် My idol..my baby bas & God 😍💚💚