ကျနော်P' နဲ့မတွေ့ဖြစ်တာ သုံးရက်လောက်ရှိနေပြီ ။
ဟိုနေ့က ပါးပါးနဲ့ဘာတွေဖြစ်သေးလဲ သိချင်ပေမယ့် ကျနော်ဟိုဘက်အိမ်လဲမသွားရဲဘူး ။
ပါးပါး ကိုမျက်နှာချင်းမဆိုင်ရဲသလို မားမားကိုရော မျက်နှာပူတယ်။
P'ကိုမေးဖို့ကြတော့လဲ အရိပ်ယောင်တောင်မမြင်ရဘူး ။ကျနော်ဘာလုပ်သင့်လဲ P' ရောဘာတွေဖြစ်နေပြီလဲ ကျနော်နဲ့ဝေးအောင် ပါးပါးကထွက်သွားခိုင်းလိုက်ပီလား ။
ဟိုနေ့က အဖြစ်ပျက်က ပါးပါး ထင်သလိုမဟုတ်မှန်း
ရှင်းပြချင်သည်။
ခတ်သည်က ကျနော် ပါးပါးကို မျက်နှာချင်းဆိုင်ဖို့ သတိမရှိတာ ။"Bas မင်းမျက်နှာကြီး သုန်မှုန်နေတာ ဘယ်နှစ်ရက်ရှိနေပီလဲ ဘာတွေ စိတ်ညစ်နေပြန်ပီလဲ ဟိုနေ့ကကိစ္စပဲလား "
"အေး ...ခုထိ P' ငါ့ကို message လေးတောင်မပို့ဘူး
Kit ""ဘာလဲ "
" P' အထိုးခံရမယ်လို့ထင်လား ဒါမှမဟုတ် ငါမသိတဲ့နေရာကိုပဲ ထွက်သွားပီလား ပီးတော့ ပါးပါးကငါ့ကို ဘယ်လိုထင်သွားပီလဲမသိဘူး "
"စိတ်လျော့ စမ်းပါကွာ အဲ့လောက်ထိလဲ မတွေးစမ်းပါနဲ့
မင်းကို သူတို့က ချစ်တာပဲ သူတို့နားလည်ပေးမှာပါ ""ငါပြောတာ အဲ့ဒါမဟုတ်ဘူးကွ P' မှာရည်စားရှိတာ သိရက်နဲ့ငါက "
"သူတို့က မြင်တာပဲ သိမှာပါကွာ မင်းရင်ထဲကိုတော့ သိပါ့မလား မင်းကသူတို့ရှေ့မှာ ခံစားချက်တွေ ထုတ်ပြဖူးလို့လား "
"မသိတော့ဘူးကွာ ရူးတော့မယ် ...um P' kim 'ပါလား ကျောင်းကို ဘာလာလုပ်တာလဲမသိဘူး ..ဟေ့ kit ဘယ်သွားမလို့လဲ "
"ငါ့ကိုမေးရင် မတွေ့ဘူးပြောလိုက်"
"နေအုံးလေ ဟာ"
"Hey N'bas မင်းတစ်ယောက်ထဲလား kitရော "
" P'kim ဒီကိုဘာလာလုပ်တာလဲ "
"တွေ့ချင်တဲ့သူရှိလို့ပါ တစ်ယောက်ထဲလား "
"မဟုတ်ဘူး P' kit နဲ့ "

YOU ARE READING
ခလေးချစ်သောလူကြီး
عشوائي#Bl boy x boy အချစ်က ဟန်ဆောင်ခြင်းကင်းတယ် မာယာကင်းတယ် ထိုကလေးနှစ်ယောက်ကို ချစ်သော အချစ်က ဖြူစင်တယ် My idol..my baby bas & God 😍💚💚