"Kit basဘာလို့မလာတာလဲ "
"ကျနော် မသိဘူးP' မလာဖြစ်ဘူးပဲပြောခိုင်းလိုက်တာ "
"ဩော် ချောကလတ်တွေ စားကောင်းရဲ့လား "
Um နေပါအုံး ချောကလတ် ကိစ္စကသူဘယ်လိုသိတုန်း။
ကျနော် ညဖက် စာကြည့်ဖို့ စာအုပ်ထုတ်ချိန်တိုင်း အိပ်ထဲမှာ ချောကလတ် တစ်ခုပါမြဲ ။
တစ်ရက်မဟုတ် လေးငါးရက်လောက်ရှိနေပြီ အစက ဒီတိုင်း အမှတ်မထင် ထားလိုက်ပေမယ့် နေ့တိုင်းဆိုတော့ သတိထားမိလာသည်။
ဘယ်သူကများ ကျနော့်အိပ်ထဲ ထားသွားလဲဆိုတာ
ကျောင်းမှာ ဆို zuzuတို့ တသိုက်က basကိုတင်မဟုတ် သူ့ကိုပါ ဘယ်သူမှ အနားကပ်တာ မကြိုက် အမြဲလိုစောင့်ကြည့်တတ်သည် ။
အဲ့ဒီကြားထဲကမှ ချောကလတ် အိပ်ထဲရအောင် ထည့်သွားသူမို့ ကျနော် သိချင်မိတာ မဆန်း ။
ခု ဒါကို P'kimက ဘယ်လိုသိနေတာလဲ ကျနော်လဲ ဘယ်သူ့ကိုမှ မပြောမိပါဘူး basကိုတောင်မပြောရသေးဘူး။"ဘာကိုလဲ P'kim "
"မင်းအိပ်ထဲမှာ အမြဲတွေ့တတ်လို့ပါ ကြိုက်လား "
ဇစ်ပိတ်ထားတဲ့ အိပ်ထဲက ချောကလတ်ကိုတွေ့တယ်...
ဒါတော့မဟုတ်သေးဘူးထင်တယ် ကျနော့်အိပ်ကို ဖွင့်ကြည့်ရအောင် ဧကန္န အိပ်ထဲချောကလတ် ထားသွားတဲ့သူက ..
No..No..No.မဟုတ်ဘူး မတွေးနဲ့ kit မဖြစ်နိုင်တာတွေ။"ကျနော် ကြိုက်လို့မဟုတ်ပါဘူး တစ်ယောက်ယောက် လာထည့်သွားတာ "
"မင်းက ချောတာကိုး "
"hk သေချာတာပေါ့ ကောင်မလေးတွေ ကြားထဲမှာ ကျနော်က kingပဲဟာ ကျနော့်အိပ်ထဲ ချောကလတ် လာထားသွားတဲ့ ကောင်မလေးက အချောလေး ဖြစ်မှာပါ "
"haha ကောင်လေး လို့ရော မထင်ဘူးလား "
"မထင်ပါဘူး ကျနော်က ယောက်ျားစစ်စစ် ဘယ်သူက စိတ်ဝင်စားမှာလဲ "
"ပြောလို့ရမလား မင်းက ချစ်ဖို့ကောင်းနေတော့ စိတ်ဝင်စားရင်ဝင်စားမှာပေါ့ "
YOU ARE READING
ခလေးချစ်သောလူကြီး
Random#Bl boy x boy အချစ်က ဟန်ဆောင်ခြင်းကင်းတယ် မာယာကင်းတယ် ထိုကလေးနှစ်ယောက်ကို ချစ်သော အချစ်က ဖြူစင်တယ် My idol..my baby bas & God 😍💚💚