ကျနော် အခန်းအောင်းနေတာ တစ်ပတ်လောက်ရှိနေပြီ ..လက်ကအနာ အကြောင်းပြပြီး သင်တန်းလည်း မသွားဖြစ်ဘူး...။အရင်ဆို သားအမိနှစ်ယောက် ဘာလေးပဲဖြစ်ဖြစ် မလျို့ဝှတ်တတ်ခဲ့ပေမယ့် ခုအခြေနေကိုတော့ ကျနေုာ်နှုတ်ဆိတ်နေမိတယ်။
မေ လည်းထွေထွေထူးထူး ဘားမှမမေးသလို ကျနော်လည်းမပြောပြချင်ဘူး ။
အမှန်ဆို ကျနော် P ကိုရှောင်နေမိတာပါ ။ သူ့နဲ့ မျက်နှာချင်းဆိုင်ရင် ဆိုင်သူရှိနှင့်နေပြီဆိုတဲ့ အသိက ကျနော့်ကို တော်တော် ဒုက္ခပေးတယ်။ ကျနော် ရင်ထဲ ဘာတွေ ဖြစ်နေတယ်
ကျနော် သူ့ကိုဘာလို့ ရှောင်နေတယ်ဆိုတာရော သူသိမှာ မဟုတ်ပါဘူး ။
မနက်ဖြန် ဆိုကျောင်းပြန်တတ်ရတော့မှာ ကျနော် သူ့ကားနဲ့မသွားချင်ဘူး တစ်ယောက်ထည်းသွားဖို့ကလည်း ကျနော့်အတွက်မလွယ် တဲ့ကိစ္စအဲ့တော့ kit ကိုပဲ လာခေါ်ခိုင်းရတော့မယ် ။Kit စီဖုန်းဆက်မလို့ လုပ်တုန်း အိမ်ရှေ့က bell သံကြောင့် လန့်သွားတယ်။ အိမ်ကို ဘယ်က ဧည့်သည် လာဖူးလို့လဲ မေ ကလည်း ခုချိန်ဆိုင်မှာပဲ ရှိသေးသည် ။
မေ့ ဧည့်သည် တွေများလား ဒါမှမဟုတ် ဟိုလူကြီးလား မဖြစ်နိုင် ပါးပါး အလုပ်တွေကူနေရလို့ မအားလပ်နိုင်ဖြစ်နေတာကို ရူးပြန်ပြီလား bass တော်ရုံပဲ တွေးတာကောင်းတယ်။တခါးဖွင့်လိုက်တာနဲ့ ရှေ့မှာ ရပ်နေတဲ့သူကို ကြည့်ကာ ကြက်သေ သေသွားမိသည်။
သူ .....
ဘာလာလုပ်တာလဲ ဒီချိန် အလုပ်မှာ ရှိနေရမယ့်သူက ...သူနဲ့မျက်နှာချင်းဆိုင်တွေမှ ခေါင်းထဲအတွေးတစ်ခုက အလျှင်အမြန်တိုးဝင်သည် ငါသူ့ကိုမတွေ့ချင်လို့ ရှောင်နေမိတယ်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လား ။"ချာတိတ် ကိုယ့်ကို အိမ်ထဲပေးမဝင်ဘူးလား "
"ခင်ဗျားက ဒီချိန်ဘာလာလုပ်တာလဲ မေနဲ့တွေ့ချင်ရင် ညနေမှ ပြန်လာခဲ့ "

YOU ARE READING
ခလေးချစ်သောလူကြီး
Random#Bl boy x boy အချစ်က ဟန်ဆောင်ခြင်းကင်းတယ် မာယာကင်းတယ် ထိုကလေးနှစ်ယောက်ကို ချစ်သော အချစ်က ဖြူစင်တယ် My idol..my baby bas & God 😍💚💚