"တကယ်ကြီး "
"အင်း "
"ဒါဆို မင်းအသဲကွဲနေတာပေါ့ "
Kitရဲ့စကားက ကျနော် ရင်ထဲထိသွားတယ် ၊ ဟုတ်တယ် ကျနော် အသဲကွဲနေတာ ဒါပေမယ့် တရားခံ မရှိ ဘူး။
ဘယ်သူဘယ်ဝါ ခေါင်းစဉ် တပ်မရတဲ့ အသဲကွဲပစ်မှုမှာ ကျနော့်အဖြစ်က တစ်ဖက်သတ် အသဲကွဲခြင်းလေ ။"ငါတော့ ဘယ်လိုကြည့်ကြည့် P'God ကမင်းအပေါ် ညီတစ်ယောက်ထက် ပိုတဲ့ ခံစားချက် ရှိနေတယ်လို့ထင်တယ် "
"မဖြစ်နိုင်တာ "
"ဘာလို့မဖြစ်နိုင်ရမှာလဲ မင်းပဲစဉ်းစားကြည့် တစ်ကျောင်းလုံးက မိန်းခလေးတွေ သူနဲ့နီးစပ်ခွင့်ရဖို့အသဲအသန် အခွင့်ရေးပေး ကြိုးစားနေကြတာကို တစ်ချက်လှည့်မကြည့်ပဲ မင်းအနားမှာပဲ ကပ်နေတာလေ မင်းကိုလဲဂရုစိုက်တာ ကားတခါးတောင်အဆင်သင့်ဖွင့်ပေးတတ်တယ်မှလား ပီးတော့ သူနားချိန်ရတာက ငါတို့လောက်တောင်မရဘူး သူတို့မေဂျာဆောင်နဲ့ငါတို့မေဂျာဆောင်ဆို ပြဒါး တစ်လမ်း သံတစ်လမ်း အဲ့ဒါတောင် မင်းစီနေ့လည်စာ လာစားတယ် ပြီးတော့ သူမင်းကိုကြည့်တဲ့အကြည့်တွေက အမြဲလို ရွှန်းလဲ့နေတာ "
"တော်ပါကွာ မဖြစ်နိုင်တာတွေပြောမနေနဲ့ သူကငါ့ကိုညီတစ်ယောက်ထက်မပိုဘူး ပီးတော့ သူဘယ်တော့မှ ယောက်ျားလေး တစ်ယောက်ကို စိတ်ဝင်စားမှာလဲမဟုတ်ဘူး
သူကGfထားတာပဲ ၂နှစ်လောက်ရှိနေပြီ ကို ""ပြောလို့ရမလား သူအချစိကို မတွေ့သေးတာလဲ ဖြစ်နိုင်တာပဲ "
"သူအချစ်ကိုမတွေ့သေးတာပဲဖြစ်ဖြစ် တွေ့ပြီးပြီပဲ ဖြစ်ဖြစ် ခုချိန်ငါလုပ်ရမှာက သူ့ကိုငါ့နှလုံးသားထဲက ထုပ်ပစ်ရမှာ "
ခင်ဗျားကိုကျနော် လက်လွှတ်သင့်နေပီထင်တယ် မျှော်လင့်ချက်ဆိုတဲ့အရာက မရနိုင်မှန်းသိတဲ့အခါ နာကျင်လွန်းတယ်။
YOU ARE READING
ခလေးချစ်သောလူကြီး
Random#Bl boy x boy အချစ်က ဟန်ဆောင်ခြင်းကင်းတယ် မာယာကင်းတယ် ထိုကလေးနှစ်ယောက်ကို ချစ်သော အချစ်က ဖြူစင်တယ် My idol..my baby bas & God 😍💚💚