လှပလွန်းသော အိမ်မက်ကမ္ဘာထဲက ကျနော် မနိုးထချင်ဘူး။
ချစ်ရသူနဲ့အတူ ခရီးနှင်နယ်ချဲ့နေတာ မိုင်တိုင်ဘယ်လောက်ထိ ရောက်နေပြီလဲ သတိမထားမိ .....။
တကယ်ဆို ချစ်သူလက်ကို ဆုပ်ကိုင်ပြီး ကမ္ဘာ့အစွန်ဆုံးထိ ထွက်ပြေးချင်မိတာ ကျနော့်ဆန္ဒ ......။
အဲ့လိုသာဆို နာကျင်စရာမရှိပဲ ပျော်စရာအတိပြီးနေမှာ ဒါပေမယ့်လည်း ဒါအိမ်မက်လေ တကယ်လက်တွေ့မှ မဟုတ်ခဲ့ပဲ။"အား...ကျွတ်ကျွတ် "
ကိုက်လိုက်သည့်ခေါင်း ဆယ်ပေါင်တူနဲ့ ထုနေသလားမှတ်ရတယ်...အရက်နာကျတယ်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မည်။
ဒီမနက် မားကလဲ လာမနှိုး ညကလူမှန်းမသိအောင် သောက်လာလို့လား မပြောတတ်ဘူး အိမ်ကိုဘယ်လိုပြန်ရောက်လာမှန်းကို မသိတာ။
ဖွင့်လို့မရတဲ့ မျက်လုံးတွေကြောင့် မျက်ခုံးနှစ်ခုကို ဖိရင်းဖြေးဖြေး ဖွင့်ရသည် ခံလိုက်အုံးပေါ့ အရက်သမားတစ်ယောက်ရဲ့ ဖီလင်ဆိုတာ ။ဟင် ဒါဘယ်သူ့အခန်းလဲ မပွင့်တပွင့်ဖြစ်နေသေးတဲ့ မျက်လုံးတောင်ပြူးကျယ်သွားရသည်။
ခေါင်းကိုက်နေတာတောင် ဘယ်ဆီရောက်သွားမှန်းမသိ။ငါ ဘယ်ကိုရောက်နေတာလဲ ညက ဘားမှာ သူတစ်ယောက်ထဲ မူးအောင်သောက်နေမိသည် နောက်တော့ နောက်တော့ သူမသိတော့ ။
နို့စိမ်းရောင်နဲ့အဖြူရောင်ရောစပ်သော ခန်းစီးစက ပြတင်းပေါက်ကတိုးဝင်လာသော လေကြောင့် ယိမ်းနွဲ့နေကြတယ် ။
ပြတင်းပေါက်နားမှာ စာကြည့်စားပွဲတစ်ခု ရှိနေပြီး ဘေးမှာတော့ စာအုပ်စဉ်တစ်ခုရှိနေကာ ထိုစာအုပ်စဉ်ပေါ်မှာ အရုပ်တစ်ချို့ပါ ရှိနေသည် ။
ကုတင်ဘေး စားပွဲပုလေးပေါ်က ညအိပ်မီးအိမ်လေးနဲ့ နာရီလေး ဘေးက ခလေးရဲ့ပုံရိပ်လေးကတော့ သူ့ကိုပြုံးကြည့်နေသည်။OMG ..ဒါ.ချာတိတ် အခန်း ဒါ..ဒါဆို ညက အိမ်မက်က ။
အဝတ်စား မရှိသည့် ကိုယ်ကို ငုံ့ကြည့်ရင်း မှားပီဆိုသောအသိက ရင်တစ်ခုလုံး မီးမျှိုက်ခံလိုက်ရသည့်နှယ်။
YOU ARE READING
ခလေးချစ်သောလူကြီး
Random#Bl boy x boy အချစ်က ဟန်ဆောင်ခြင်းကင်းတယ် မာယာကင်းတယ် ထိုကလေးနှစ်ယောက်ကို ချစ်သော အချစ်က ဖြူစင်တယ် My idol..my baby bas & God 😍💚💚