"ဝိုး ဟိုးးး...yes"
"ဝိုးးးးးးးး မယုံနိုင်စရာပါလားbas"
"ဟားဟား မယုံရင်မလဲ မတတ်ဘူးဟှောင့် မင်းရှေ့မှာ ရှိနေတဲ့ အဖြေက သက်သေပဲ "
"မယုံတာမဟုတ်ဘူးကွ မယုံနိုင်ဖြစ်သွားတာ နေပါအူး မင်းဘယ်ချိန်က ဒီလောက်တော်သွားတာလဲ ဒါမှမဟုတ် ဆရာတွေ ငါ့အဖြေလွှာနဲ့များ အမှတ်မှားပေါင်းမိတာလား"
"ဟဲဟဲ ဒါတော့ သားကြီးရာ မနာလိုမဖြစ်နဲ့လေ ကိုယ့်ကုသိုလ်နဲ့ကိုယ် မင်းလဲအမှတ်မနည်းပါဘူး ငါ့ကိုမမှီတာလေးပဲ ဟဲဟဲ "
"ငါလုပ်ရင်သေတော့မယ် မင်းအခွက်ကြီးပြောင်မနေနဲ့ ရုပ်ကိုက မျောက်အုန်းသီးရထားတဲ့ရုပ်"
"ဟားဟား ချီးကျူးချင်ရင်နောက်မှ ချီးကျူးတော့ kit ငါလစ်ပီ "
"ကြွကြွ နေအုံးဟှောင့် မင်းဘယ်မေဂျာ ယူမှာလဲ "
"ညမှ ဖုန်းဆက်လိုက်မယ်ကွာ အချိန်တွေရှိပါသေးတယ် "
ကျနော်တကယ်ပဲ kitပြောသလို မျောက်အုံးသီးရထားသလိုဖြစ်နေတာပင်။ဒီနေ့ အောင်စာရင်း ထွက်သည့်နေ့ ကျနော် ရသည့်အမှတ်က Pတို့ကျောင်းကို ဝင်ဖို့ အေးဆေးမှီနေသည်လေ ။မကြာခင် ကျနော့်ရဲ့driverလေးဖြစ်တော့မယ်p ဟားဟ။
"P...P"
"ငါနားမလေးသေးဘူး ချာတိတ် ဘေးဘီလဲကြည့်အူး"
ခြံထဲဝင်လာထဲက အော်ခေါ်လာသောကျနော့်ကို ခြံထဲမှာ ပန်းပင်ရေလောင်းနေရင်းလှမ်းပြောတာမို့ သူ့နားကိုလျှောက်သွားလိုက်တယ်။
"P...ကျနော် 2.Dပါတယ် "
"အဲ့ဒီ တော့ "
"ဟာ p ဘာအဲ့ဒီတော့လဲ ခင်ဗျား ကတိပေးထားတယ်လေ မေ့ချင်ယောင်ဆောင်နေတာလား "
"ဘာပြောမိသေးလို့လဲ "
"ဒါဆို Pကျနော့်ရဲ့driverဖြစ်သွားပီဆိုတော့ ညနေကျနော့်ကို party လိုက်ပို့ပေး "
![](https://img.wattpad.com/cover/117417786-288-k63731.jpg)
YOU ARE READING
ခလေးချစ်သောလူကြီး
Random#Bl boy x boy အချစ်က ဟန်ဆောင်ခြင်းကင်းတယ် မာယာကင်းတယ် ထိုကလေးနှစ်ယောက်ကို ချစ်သော အချစ်က ဖြူစင်တယ် My idol..my baby bas & God 😍💚💚