📞📞.......
ဘယ်သူလဲကွာ စောစောစီးစီး .....
နားထဲမှာ ဆူညံလာတဲ့ ဖုန်းသံကြောင့် မျက်လုံးမဖွင့်နိုင်သေးပဲ ဖုန်းကို လိုက်စမ်းရသည်။
နားမှာကပ်လိုက်သည့်တိုင် no ကိုလဲမကြည့်မိ ....။"Hallo "
"Morning အိပ်ပုတ်လေး မထသေးဘူးလား "
နားကြားများမှားသလား ....အိပ်ချင်စိတ်တောင် ဘယ်ပြောက်သွားမှန်းမသိဘူး စားပွဲပေါ်က နာရီကိုလှမ်းကြည့်တော့ 6.00 တီးဖို့15..။
"ပြန်အိပ်နေတာလား "
"မဟုတ်ပါဘူး အစောကြီးဖုန်းဆက်လို့ အံဩသွားတာ "
"haha မစောတော့ဘူးလေ အိပ်ပုတ်လေးရဲ့ ထတော့ "
"မထသေးပါဘူး ကျနော်အိပ်အုံးမှာ "
"ဒီနေ့ အတန်းချိန်မရှိဘူးလား "
"ဟင့်အင်း သင်တန်းကလဲ နေ့လည်မှသွားရမှာ "
"အာ့ဆိုရင် ကိုယ့်ကိုနေ့လည်စာ ပြင်ပေးပါလား စားဖိုမှူးကြီးပြင်ပေးတဲ့မနက်စာ စားချင်လို့ "
ကျနော် အလန့်တကြား ထထိုင်မိသည် ။
တကယ်ပဲ ကျနော် နားကြားများမှားသွားတာလား ...။"ဘာလဲ မပြင်ပေးချင်လို့လား ဟိုတစ်ခါတုန်းက မင်းရဲ့ပထမဆုံး လက်ရာကို ကိုယ်မစားဖြစ်လိုက်ဘူး အဲ့ဒါကြောင့်ပါ "
"ရပါတယ် ကျနော် ပြင်ပေးပါ့မယ် "
"ကျေးဇူးပဲ အဲ့ဒါဆို bye နော် နေ့လည်ကျမှတွေ့မယ် "
"ဟုတ်ကဲ့ "
အိပ်ယာပေါ်မှာ ထိုင်လျက်ပြုံးနေမိသော ကျနော် ဒီနေ့ဟာ ကျနော့်အတွက်အမှတ်တရ lucky day ပင်....။
မီးဖိုချောင် ထဲမှာတစ်ယောက်ထဲ သီချင်းညည်းလိုက် ချက်လိုက်နဲ့ ကျနော့်ကို မေက ဆိုင်မသွားခင်စသွားသေးသည် ။
ပိတ်ရက်တိုင်း ကျနော်အိပ်ယာထတဲ့အချိန်က နောက်ကျမှထတတ်တာကိုး ဒီနေ့မှအစောကြီးထ ချက်ပြုတ်နေတော့ အထူးဆန်းဖြစ်နေမှာပင် ။
ထမင်းကိုပင် အကျအနပုံဖေါ်ထားသော ထမင်းဘူးလေးကို တစ်ချက်ကြည့်ရင်း ပြည့်စုံပြီဆိုမှ အဖုံးပိတ်လိုက်သည် ။
YOU ARE READING
ခလေးချစ်သောလူကြီး
Random#Bl boy x boy အချစ်က ဟန်ဆောင်ခြင်းကင်းတယ် မာယာကင်းတယ် ထိုကလေးနှစ်ယောက်ကို ချစ်သော အချစ်က ဖြူစင်တယ် My idol..my baby bas & God 😍💚💚