Cuttie and the Beast
Ep-1
ဝုန်း ဒိုင်း ခလွမ်း
ဒီလို ဆူညံပွက်လောရိုက်တဲ့အသံကြားရင် အိမ်ကြီးတစ်အိမ်လုံးက အိမ်ဖော်တွေ အလုပ်သမားတွေ အကုန်လုံး နားရွက်တောင်မခတ်ရဲကြ
ဘာလို့လဲဆိုတော့'Beastကြီး ဘာတွေ အလိုမကျလဲမသိဘူးနော်'
'အေးဟယ် ဒီနေ့ဘယ်သူ့အလှည့်လဲ'
'Mariaများလား'
အိမ်ဖော်မလေးတွေ ရောက်ရာအရပ်မှာ မတ်တပ်ရပ်ပြီး ဘာမှမလုပ်ရဲကြပေမယ့် အတင်းကတော့ တိုးတိုးလေးပြောနေကြတာပေါ့
ခဏကြာတော့ တိတ်ဆိတ်သွားတဲ့ အပေါ်ထပ်က အခန်းကြီး တစ်ခန်းကနေ ကောင်မလေး ဖြူဖြူချောချောလေးကို အလုပ်သမား ကောင်လေး၂ဦး ဆွဲခေါ်သွားတာကို လှမ်းမြင်လိုက်ရတော့တယ်'တောင်းပန်ပါတယ် သခင်လေးရယ် ကျမ တောင်းပန်ပါတယ် အလုပ်မဖြုတ်ပါနဲ့ ကျေးဇူးပြုပြီးတော့ '
Mariaလို့ခေါ်တဲ့ကောင်မလေးက ရုန်းရင်းကန်ရင်း ပါသွားတယ် ဘယ်လိုပဲတောင်းပန်တောင်းပန် အခန်းထဲက Beastလို့ခေါ်တဲ့သတ္တ၀ါကြီးက လှည့်တောင်မကြည့်ဘူးဆိုတာ အသေအချာပါပဲ
'ဟဲ့ ဘာဖြစ်လို့တဲ့လဲ'
'သခင်လေးရဲ့ အင်္ကျိပေါ် coffeeစွန်းသွားလို့တဲ့'
'ဟင်းးး သေချာ ဂရုစိုက်ပါလို့မှာထားရက်နဲ့ဟယ်'
ဖြစ်ပြီးတာလည်းဖြစ်ပြီးပြီမို့ ဘာမှမတက်နိုင်ဘဲလက်လျော့ထားလိုက်ကြတော့တယ်
~~~~~~~
Haung Zitaoဆိုတဲ့ကောင်လေးက သူနေတဲ့ရပ်ကွက်လေးမှာ လူချစ်လူခင်ပေါလွန်းတဲ့သူလေးပေါ့ ရိုးရိုးသားသား ကြိုးစားတဲ့ကောင်လေးမို့ လူတိုင်းက ချစ်ကြတာ
မနက်လင်းတာနဲ့ သူလုပ်နေတဲ့ပန်းဆိုင်က ပန်းတွေကို မှာထားတဲ့သူတွေဆီလိုက်ပို့ရတယ် မသွားခင် ပန်းဆျုင်ပိုင်ရှင်အဘွားက သူ့ခေါင်းပေါ် ပန်းသရဖူလေးတစ်ခု ဆင်ပေးလိုက်သေးတယ်