Cuttie and the Beast
Ep-5
Taoကျောင်းဆင်းတာနဲ့ သူတို့အသင်းရဲ့ သန့်ရှင်းရေးတာဝန်နေ့မို့ သန့်ရှင်းရေးလုပ်နေရတယ်
ကျောင်းစတက်တုန်းက အေးဆေးတဲ့Taoကို တချို့တလေက လန့်ကြပေမယ့်လို့ ခုကျတော့ ခင်မင်စရာကောင်းတဲ့Taoကို အပေါင်းအသင်းတိုင်းချစ်ကြတယ်'ငါလေ Taoကိုစစတွေ့တုန်းက သိပ်လန့်တာသိလား'
'Onn ငါကောပဲ မျက်ကွင်းညိုညိုနဲ့ လူမိုက်လား ဘာလားဆိုပြီး ခုကျတော့ Taoက ချစ်စရာကောင်းမှန်းသိရတာ ရယ်ပြပါဦးသူငယ်ချင်းလေးရယ်'
Taoကို အရွှန်းဖောက်ဖောက်စနေကြတဲ့သူငယ်ချင်းတွေကို Taoရယ်ပြတော့ အသင်းတူမိန်းကလေးတွေကပါ ထအော်ကြကော
'အမလေးဟဲ့ ဖြစ်နေကြတာဆိုတာလေ'
Taoပြုံးသာနေလိုက်တယ်
'ဒါနဲ့ Tao မင်းအိမ်တန်းပြန်မှာလား ငါတို့clupသွားမလားလို့ လိုက်မလား'
'ဟာ မင်းတို့ကလည်း အသက်လည်းမပြည့်သေးပဲနဲ့ မိသွားရင် သေပြီနော်'
'ဟ မင်းကလည်း ငါတို့က အသက်၁၈ပြည့်ပြီးပါပြီကွာမင်းကလည်း လိုက်ခဲ့ပါ'
'မလိုက်တော့ဘူးကွာ မင်းတို့ဘာသာသွားတော့ ငါ ငါ့အဘွားဆီသွားဦးမှာ'
'အေးပါကွာ အေးပါ သွားသွား'
Taoသန့်ရှင်းရေးပြီးတာနဲ့ ကျောင်းဆင်းလာခဲ့လိုက်တယ် ဒီနေ့တော့ Tao Krisအိမ်က ကားကို ယူလာခဲ့လိုက်တယ် စက်ဘီးနဲ့က အဆင်မပြေဘူးလေ
Taoကိုမြင်တာနဲ့ driverက တံခါးလာဖွင့်ပေးတယ် မလုပ်ပါနဲ့ဆိုတာကို မရဘူး စိတ်ချမ်းသာသလိုလုပ်ပါစေဆိုပြီး လွှတ်ထားလိုက်တော့တာ်
ကားကို ၁နာရီး နီးပါးစီးပြီးနောက်ပိုင်းမှာ Taoအဘွားရဲ့ဆိုင်ကိုရောက်တော့ ညနေဖြစ်နေပြီ
'ဘွားရေ ဘွား'
Taoတကျော်ကျော်အော်ရင်း ခေါ်နေပေမယ့် ထူးသံမကြား ဘွားဘယ်ရောက်နေလဲ အသက်ကြီးပေမယ့် ဘွားက နားအရမ်းကောင်းတာကို
