Cuttie and the Beast
Ep-4
Tao သခင်လေးဆိုတဲ့ Beastကြီး တက်ခိုင်းတဲ့ကျောင်းကို သူစီစဉ်ပေးတဲ့ ပါးနဲ့တက်နေရပေမယ့် အဆင်တကယ်မပြေလှဘူး သူတက်ခိုင်းတဲ့ ကျောင်းက တကယ့်နာမည်ကြီး ဒိတ်ဒိတ်ကြဲတွေသာ တက်တာ Taoလို သာမာန်လူက မနှစ်သက်တာမဟုတ်ပေမယ်လို့ စိတ်ကျဉ်းကျပ်ရတယ်
အရာရာမှာပြိုင်ဆိုင်နေကြပြီး နိမ့်ကျတဲ့သူဆို မျက်နှာသာမပေးကြတဲ့ ဆရာတွေနဲ့ကျောင်းသားတွေကြောင့် Taoဒုက္ခအပေးမခံရပေမယ့် မျက်စိရှေ့မြင်နေရတာ စိတ်ညစ်မိတယ် ကျောင်းကောင်းကောင်းတက် ဆရာကောင်းနဲ့သင်ပြီး စိတ်ဓာတ်က အောက်ခြေက တက်မလာကြတဲ့ ဒီလိုအသိုင်းအ၀ိုင်းကို Taoရွံမုန်းတယ်
'ဟယ် ကောင်လေး ကျောင်းမသွားဘူးလား'
ဟုတ်ပါတယ် Taoကျောင်းသွားဖို့တောင်ဝန်လေးနေမိတာ အမှန်အတိုင်းပြောရရင်မတက်ချင် ခြံထဲက အလုပ်တွေပဲဖိလုပ်နေလိုက်တော့တယ်
'ဟုတ် အမ မတက်ဘူး အလုပ်မပြီးသေးတာနဲ့'
Taoကိုယ့်အလုပ်ကိုဆက်လုပ်နေလိုက်တယ်
'ကျောင်းမှာ အဆင်မပြေလို့လားဟင် ကောင်လေး'
'အာ မဟုတ်ပါဘုး ပြေပါတယ် အမရဲ့'
Taoကပြာကယာ ငြင်းပေမယ့်
'မင်းမျက်နှာကြည့်ရင် အမသိတာပေါ့ နှိပ်စက်လို့လားကွယ်'
'ဟင့်အင်း မနှိပ်စက်ပါဘူး ကျွန်တော်နဲ့ မကိုက်ညီဘူးထင်လို့ပါ ခုကျောင်းမှာ အပြိုင်အဆိုင်သိပ်ကိုများတယ် '
Taoအားငယ်စွာပြောနေမိတယ် ဟုတ်တယ်လေ သူက Kris Wuဆိုတဲ့လူကြီးရဲ့ အထောက်အပံ့နဲ့တက်နေရလို့ ဘာမှမဖြစ်ပေမယ့် Kris Wuဆိုတဲ့အရှိန်အ၀ါကြောင့်ပဲ သူအပေါင်းအသင်းမရှိ
အရင်ကျောင်းကိုလွမ်းတယ်'Taoရေ သခင်လေးခေါ်နေတယ် မြန်မြန်လာ'
'ဗျာ'