CATB-14

1.2K 112 4
                                        

Cuttie and the Beast

Ep-14

'ဟင်​'

'​နေ​ကောင်းရဲ့လား Tao'

~~~~~~~~~~

Kris​ခေါင်းမီး​တွေ​တောက်​​နေပါပြီ Taoရုံးကို မလာဘူးတဲ့ ဘယ်​သွားလဲ ဘယ်​လာလဲ ဘယ်​သူမသိ
တခြားသူ​တွေ​ပြောလျက်​အရ Taoကတစ်​ခါမှ ဒီလို အ​ကြောင်းမရှိပဲ ပျက်​ကွက်​တာမရှိဘူးတဲ့

အိမ်​လိုက်​သွား​တော့လဲ ဘယ်​သူမှမရှိ ​ဘေးခန်း​တွေ​မေးကြည့်​​တော့ မနက်​ထဲထွက်​သွားတယ်​တဲ့

Krisကားကို ထိုရပ်​ကွက်​က​နေ​မောင်းထွက်​လာရင်း တစ်​​နေရာ​ရောက်​​တော့ ပြန့်​ကျဲ​နေတဲ့ စာရွက်​စာတမ်း​တွေ

'ဒါ ဒါဆို Taoဒုက္ခ​တွေ့​နေပြီလား'

~~~~~~~~~

Taoကို ခုတင်​မှာ ပက်​လက်​အ​နေအထားကြိုးချည်​မထား​တော့ပဲ ထိုင်​ခုံတစ်​လုံးမှာထိုင်​ခိုင်းပြီး လက်​ပြန်​ကြိုးတုပ်​ထားတာ Taoလည်းသူ့​ရှေ့မှာထိုင်​​နေတဲ့ လူကြီးကို တိတ်​တဆိတ်​ကြည့်​​နေမိတယ်

'မ​တွေ့တာ​တောင်​ကြာပြီ​နော်​ မင်းကို ခုလို ငါ့သားနဲ့ပက်​သက်​တဲ့ အမှုကိစ္စနဲ့ပြန်​​တွေ့ရလိမ့်​မယ်​လို့ကိုမထင်​တာ'

'Mr.Wu ဘာကိစ္စနဲ့ ကျ​နော့်​ကို ဒီလို ဖမ်းထားတာလဲ ကျ​နော်​နားမလည်​ဘူး'

'မင်းအခုငါ့သားနဲ့​တွေ့ပြီး​လောက်​ပြီလို့ ငါထင်​တယ်​ ငါ့သားအ​ခြေအ​နေလဲ မင်းမြင်​ပြီး​လောက်​ပြီလို့ ငါထင်​တယ်​'

'အဲ့ဒီ​တော့?'

Tao​အေးစက်​စက်​မျက်​နှာ​ပေး​ကြောင့်​ Mr.Wu သက်​ပြင်းချလိုက်​တယ်​ မျက်​လုံးကိုတင်းတင်းမှိတ်​ပြီး ပွင့်​လိုက်​​တော့ တစ်​ခုခုကိုစိတ်​ဆုံးဖြတ်​ချက်​ချလိုက်​တဲ့ပုံစံပါပဲ

'ဟင်​ သ သခင်​ကြီး ဘာလုပ်​တာလဲ ထပါဗျာ ထပါ'

Mr.Wu ဒူး​ထောက်​လိုက်​တာမို့ Taoလန့်​ကာ ငြင်းဆန်​​နေမိတာ
ထပြီးဆွဲဖို့ရာကလည်း ကြိုးကတုပ်​ထား​သေးတာမို့

'မလုပ်​ပါနဲ့ သခင်​ကြီး ထလိုက်​ပါ'

'ခဏ​လေးပါ Tao ကျုပ်​​ပြောတာနား​ထောင်​​ပေးပါ'

You've reached the end of published parts.

⏰ Last updated: Sep 16, 2017 ⏰

Add this story to your Library to get notified about new parts!

Cuttie And The BeastWhere stories live. Discover now