CATB-3

819 90 5
                                    

Cuttie and the Beast

Ep-3

Tao ဒီအိမ်​ကြီးထဲကိုကို​ရောက်​တာ ​တစ်​ပတ်​ခန့်​ရှိ​နေပြီ ကျိဲ့တို့ကျဲတဲ ဖြစ်​​နေတဲ့ ပန်းခင်း​တွေဟာလည်း သူ့​နေရာနဲ့သူ လှ​နေပြီ ရက်​ပိုင်းအတွင်း​ပြောင်းလဲသွားတဲ့ ပန်းခင်းကို ကြည့်​ပြီး မြင်​သူတိုင်းက လှတယ်​ဆိုပြီး ချီးကျူးကြတာမို့ Taoပင်​ပန်းရကျိုး နပ်​ပါတယ်​​လေ

ပြီး​တော့ Tao အခုချိန်​ထိ သခင်​​လေးဆိုသူနဲ့ မ​တွေ့ရ​သေး​တော့ စိတ်​ကအလွန့်​အလွန်​ချမ်းသာတယ်

'ဒုက္ခပါပဲဟယ်​'

'ထားပါဟယ်​ နင်​ကလည်း သူဘာလို့အပြစ်​လုပ်​လဲ'

Tao ​ပေါင်းသင်​​နေတုန်း ​ဘေးက​နေ Maid​တွေက သူ့ကိုမမြင်​ဘဲ တိုးတိုးတိုးတိုးနဲ့ ​ပြော​နေကြတာ
သူလည်း လှမ်းနှုတ်​ဆက်​လိုက်​တယ်

'အမတို့ ဘာဖြစ်​လို့လဲ'

'အယ်​'

Taoလည်း မြင်​​ရော ထိတ်​ထိတ်​ပျာပျာနဲ့

'ဟယ်​ Tao​လေး ဒီ​ရောက်​​နေတာလား ​ကျောင်း ​ကျောင်းမသွားဘူးလား'

'ဒီ​နေ့ စ​နေ​နေ့​လေ ပိတ်​တယ်​ ဒါနဲ့ ဘာဖြစ်​လို့လဲဟင်​ ပြဿနာဖြစ်​လို့လား'

Maid၂​ယောက်​လုံး အကြည့်​ချင်းဆုံသွားတယ်​ ​ပြောသင့်​လားမ​ပြောသင့်​လား ချင့်​ချိန်​​နေသလားပဲ

'ဟို ဟို​လေ အိမ်​​တော်​ အ​ပေါ်ထပ်​ကို တာဝန်​ယူတဲ့ Maidတစ်​​ယောက်​က သခင်​​လေးကို ဟို ဟို​လေ'

Maidက ဆက်​​ပြောဖို့ကို ထစ်​​နေတာမို့ ​နောက်​တစ်​​ယောက်​က

'သခင်​​လေးကို အပိုင်​ကြံဖို့ကြိုးစားလို့' (လခွမ်း အာ့​လေး​ရေးဖို့ကို ဘယ်​လိုစာသားထည့်​ရမလဲ ​ခေါင်းပါ​ခြောက်​တယ်​😖😖)

'ဗျာ'

Taoအံ့သြရတယ်

'ဟုတ်​တယ်​ Taoရယ်​ ​ပြောရမယ်​ဆို အမတို့က သူ့ထက်​နိမ့်​တယ်​ သူက အိမ်​​တော်​ အ​ပေါ်ထပ်​နဲ့ သခင်​​လေးအခန်းကို တာဝန်​ယူရတယ်​​လေ အမတို့က ​အောက်​ထပ်​ နဲ့ သန့်​ရှင်း​ရေးဆို​တော့ သူက အာဏာကသိပ်​ပြတာ'

Cuttie And The BeastTempat cerita menjadi hidup. Temukan sekarang