Cuttie and the Beast
Ep-13
Kris သူ့လက်ထောက်ကိုပြန်လွှတ်လိုက်ပြီး Taoအိမ်ထဲမှာ ငြိမ်ငြိမ်လေးထိုင်နေတာ Taoကတော့ သူ့ကို အေးဆေးဆက်ဆံပြောဆိုပြီး သူ့ဖို့Coffee၀င်ဖျော်နေပေမယ့် Krisကတော့ ထိုင်နေရာကနေထလိုက်ပြီး Taoအခန်းငျဉ်းထဲ ပတ်ချာလည်လိုက်ကြည့်နေမိတယ်
စာရွက်စာတမ်းတွေကော စာအိတ်အရှည်အထူကြီး တွေ စာအုပ်တွေနဲ့ပြည့်နေတာ စာအုပ်စင်လေးရှိပေမယ့် ဘေးမှာ ထားစရာနေရာမရှိလို့ပုံထားတာကျဉ်းကျပ်နေတဲ့ အခန်းထဲမှာ ဘယ်အချိန်ထိနေခဲ့တာလဲ မသိဆိုတဲ့ စိတ်က တော်တော်ကိုနှိပ်စက်တယ် သူ ကောင်းကောင်းမွန်မွန်စားသောက် နွေးနွေးထွေးထွေးနေနေ ချိန် Taoက တစ်ယောက်တည်းဒီမှာ ဒုက္ခခံနေရတာလား
'အခန်းကတော့ပွနေတယ်နော် ရှင်းသာထိုင်တော့'
Tao coffeeခွက်လေးနဲ့ပြန်ရောက်လာတော့မှ သူ တွေ့ရာနေရာထိုင်လိုက်တော့ Taoရဲ့စာကြည့်စားပွဲငယ် စားပွဲပေါ်မှာ သူ့အိမ်က ပန်းခင်းကြီး
Tao Krisကြည့်နေတဲ့နေရာကို တွေ့တော့ ပြုံးပြီး'အဟင်း တခါတလေ စိတ်လေး ကြည်လင်မလားဆိုပြီး ထားထားတာပါ လှတယ်လေ'
Taoဖြေရှင်းချက်ကို Kris ကျေနပ်မိသည် သူ့အိမ်ကြီးနဲ့ပန်းခင်းကိုလည်း လွမ်းဆွတ်နေတယ်ဆိုရင် သူ့ကိုလည်းလွမ်းမှာပါလေဆိုပြီးပေါ့
'ဒါနဲ့ ဘာအကြောင်းကိစ္စနဲ့ လာတာလဲ'
'မင်း ဟိုတစ်ပါတ်က စီရင်လိုက်တဲ့ အမှုက စက်ရုံမှူးက ကိုယ့် လက်အောက်ကပဲ အလုပ်သမား ထိခိုက်နစ်နာစေမှုနဲ့လေ'
'Aww သူက ခင်ဗျားလက်အောက်ကလား ဆိုတော့ အဲ့ကိစ္စက နောက်တစ်ခါရုံးချိန်းမှာ စစ်မှာလေ ဘာလို့လာတာလဲ'
Kris အစကတော့ နွေးထွေးမလိုဖြစ်နေတဲ့ Taoစိတ်က အလုပ်နဲ့ပက်သက်လာတော့ အေးစက်သွားတယ် ဒီအကြောင်းပြောမိတဲ့ ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက်သွားမိတယ်