Cuttie and the Beast
Ep-2
'ဗျာ Wuအိမ်တော်ရဲ့ ဥယာဉ်မှူးဟုတ်လားဘွား'
'အင်း မင်းလေးရဲ့ အနာဂတ်အတွက်ပါ'
ဘွားက လေသံအေးလေးနဲ့ နှင်းဆီပန်းဖြူဖြူလေးတွေကို ဆူးခြွေနေတာ
Taoနားမလည်စွာနဲ့အဘွားကို မေးနေမိတာ'နေပါဦးဘွားရယ် ခုကကော ကျွန်တော်အခုလည်း အဆင်ပြေနေတာပဲကို ကျောင်းတက်ရရုံနဲ့တင်လုံလောက်နေပြီလေ'
ဘွားသက်ပြင်းမောကိုချပြိး
'ကလေးရယ် မင်းအခုလုပ်နေတာတွေက ဘယ်လောက်ထိပင်ပန်းသလဲ ကဲ အခုသားဒီလိုတွေ အချိန်ပိုင်းတွေလုပ် ဘွားကိုကူဒါတွေ လုပ်နေတော့ သားလက်ထဲဘယ်လောက်စုမိလဲ သားရဲ့ စာကျက်ချိန်တွေကော နည်းနည်းလေးပဲရတယ်မလား ပြီးတော့ သားက တရားသူကြီးဖြစ်ချင်တာ ဘွားသိတာပေါ့သားရယ် အဲ့အတွက်ဘယ်မှာလဲ သားအတွက် အနာဂတ်ရဲ့စုဆောင်းမှု သေချာမှု သားပဲ လုံးလည်ချာလည်နဲ့ သားဖြစ်ချင်တာဖြစ်ခွင့်ရမှာမဟုတိဘူး'
ဘွားပြောနေတာလည်းမှန်နေတာမို့ Taoခေါင်းလေးငုံ့ကာနားထောင်နေမိတယ် ဘွားက Taoစဉ်းစားနေပြီး ဆိုတာသေချာတာနဲ့ နာနာလေးဖိပြောတော့တယ်
'ခုသားကိုခေါ်တယ်ဆိုတဲ့သူက ကျိတ်ကျိတ်တက်ချမ်းသာတဲ့ သူဌေး ကလေးရဲ့ အပြောဆိုးပေမယ်လို့ စိတ်ရင်းလေးကောင်းရှာပါတယ်ကလေးရဲ့ သူက သားကို တနေ့လုံးမခိုင်းဘူး သူ့ဥယာဉ်ထဲပန်းလေးတွေကိုစောင့်ရှောက်ရုံပဲ သားကို ငွေပုံပေးမှာသိလား တကယ်လို့သာ သားသူသဘောကျအောင်နေရင် သူက ကလေးဖြစ်ချင်တာကိုပံ့ပိုးပေးနိုင်တယ်လေ'
'ဒါမဲ့ ဘွားရယ် ကျွန်တော်က'
Taoဘာကိုစိုးရိမ်လဲဆိုတာဘွားနားလည်ဟန်နဲ့
'ကလေး က ဘွားကိုစိတ်ပူနေတာလား မပူပါနဲ့ကလေးရယ် ဘွားက နေထိုင်မကောင်းတောင် လူအိုရုံသွားနေရတာပဲဟာ အဓိက က ကလေးရဲ့ နောင်ရေးပဲကလေး ဘွားကို ကတိပေး နေရာသစ်မှာ လူတိုင်းနဲ့ အဆင်ပြေပြေနေပါ့မယ်လို့ ပေးမလား'