Cuttie and the Beast
Ep-10
Taoမျက်လုံး၂စုံကြားချွေးတွေ ပျံလာတယ် Kris ဖေဖေက Krisနဲ့တော်တော်တူတယ် ပြောရမယ် အရွယ်ကြောင့်သာ အိုတယ်ထင်ရတာ တကယ်တမ်ပြောတယ် နုတယ်ဆိုတဲ့ထဲပါတာပေါ့ ဒါပေမဲ့ သားအဖ ၂ယောက်အပြိုင်ကြည့်နေကြတဲ့ အကြည့်တွေထဲ Taoကြားထဲက အနေရခက်တယ်
'သ သခင်လေး ကျနော် အလုပ်လေးရှိ'
'မသွားနဲ့ ဒီမှာပဲနေ'
'Kris Wu'
Tao Krisအဖေရဲ့ အော်သံကြောင့် တုန်သွားရတယ်
'မအော်ပါနဲ့ ကျနော်ကြားပါတယ်'
'မင်း နေဦး Taoလား မင်းက'
'ဟုတ် ဟုတ်ပါတယ် သခင်ကြီး'
'ငါတို့သားအဖ စကားပြောမလို့ မင်းထွက်သွားပေး'
Taoခေါင်းငြိမ့်ပြပြီး ထွက်သွားမယ်လုပ်တော့ Krisကဆွဲထားပေမယ့် Taoပြုံးပြပြီး လက်ကိုဖြုတ်ကာ အခန်းပြင်ထွက်လာလိုက်တယ်
အပြင်ရောက်မှပဲ Taoအသက်ကိုရဲရဲ ရှူရဲတယ် ကြောက်လိုက်တာဆိုတာ
'Tao လာ မြန်မြန်လာ'
Maidတစ်ယောက် လှေကားထိပ်ကနေ လှမ်းခေါ်လို့ အမြန်ပြေးရတော့တယ်
'Tao သခင်ကြီးကိုတွေ့လိုက်လား'
'Inn တွေ့လိုက်တယ် ကြောက်လိုက်တာ'
Maidနဲ့ Taoအောက်ထပ်ဆင်းသွားချိန်မှာတော့
'မင်း ဒါဘာလုပ်တာလဲKris ယောက်ျားတစ်ယောက်နဲ့ ချစ်ကြိုက်ရအောင် မင်းစဉ်းစားဥာဏ်မရှိဘူးလား'
'Hak ယောကျာ်းနဲ့ချစ်ကြိုက်တာက စဉ်းစားဥာဏ်နဲ့ဆိုင်လား Dad မဆိုင်ဘူးထင်တာပဲ '
Kris ရဲ့ ခနဲ့သလို ပြောပုံကြောင့် သူတော်တော်လေးစိတ်တိုနေရပါပြီ
'မင်း အဲ့ကောင်လေးကို အခု အိမ်ကနေထွက်သွားခိုင်းပါ'
'မဖြစ်နိုင်ဘူး Dad သူက ကျနော် ချစ်ရတဲ့သူ ကျနော်ချစ်တဲ့သူက ကနော့်နားမှာပဲနေရမယ်'
'မင်းငါ့အမိန့်ကို ဖိဆန်တာလား Kris Wu'
Kris မဲ့ပြုံးပြုံးလိုက်ကာ ပခုံးတွန့်ပြတော့ Kris'အဖေ တော်တော်လေးကိုဒေါသထွက်သွားတယ်
'ကောင်းပြီလေ ဘယ်သူနိုင်မလဲ ကြည့်သေးတာပေါ့'
Kris သူ့အဖေစကားကြောင့် လန့်သွားပေမယ့် Taoကို သူကာကွယ်နိုင်တယ်ဆိုတဲ့စိတ်ကြောင့် သူ အေးအေးဆေးဆေး နေလိုက်တော့တယ်
~~~~~~~~~~~~~~~~~
Tao ပန်းပင်အသစ်တွေအတွက် မြေနေရာလုပ်ဖို့ ပေါင်းမြက်တွေကို ဆွဲနှုတ်နေတာ ဒါပေမဲ့လဲ စိတ်က တောင်ရောက်လိုက်မြောက်ရောက်လိုက်
သခင်ကြီး ဆိုသူရောက်လာတည်းက Taoလည်း အိမ်ကြီးရဲ့အခန်းကနေ အရင်နေနေကျ အိမ်သေးလေးထဲမှာပဲ ပြန်ပြောင်းနေလိုက်တယ်
ဒါကို Krisသိတော့ ပြဿနာရှာပေမယ့် ဘယ်သူ့စေခိုင်းချက်မှမဟုတ်ပဲ ကိုယ့်သဘောနဲ့ကိုယ်ပါဆိုမှ ငြိမ်သွားတယ်'မင်းက အရင် အိမ်တော်ထိန်းရဲ့ မြေးလား'
ရုတ်တရက် အနောက်ကအသံကြောင့် Taoလန့်သွားတယ်
လှည့်ကြည့်တော့ Kris'အဖေ'ဘာ ဘာများခိုင်းချင်လို့လဲ သခင်ကြီး'
Kris'အဖေက တစ်ချက်ပြုံးလိုက်ပြီး
'မရှိပါဘူး မေးစရာလေးရှိနေလို့ပါ'
'ဟုတ် ဟုတ်ကဲ့ပါ သခင်ကြီး မေးပါ'
'မင်းနဲ့ငါ့သားအခြေအနေက ဘယ်အထိရောက်နေပြီလဲ'
Taoဘာဖြေရမှန်းမသိ တာမို့ အမှန်အတိုင်းပဲ ဖြေလိုက်တော့တယ်
'ဟို ဘာမှ မဖြစ်သေးပါဘူး ဒီအတိုင်းပါပဲ'
'မနေ့က မင်းတို့အခြေအနေက ဘာမှမဖြစ်တဲ့အခြေအနေလား မဟုတ်ဘူးထင်တယ် '
'ဟို ပွင့်ပွင့်လင်းလင်းအနေအထားမဟုတ်သေးတာပါ'
'ငါ မင်းကို ရှင်းရှင်းပဲပြောတော့မယ် ငါ့သားအတွက် မင်း ဒီကနေထွက်သွားပေးပါ'
'ဗျာ'
~~~Ep-10 end~~~
ကျမလည်း the warကြားညှပ်သွားတာ ပြားတော့မေ fic upဖို့တောင် မနည်းလုပ်ယူနေရတဲ့ဘ၀ရောက်သွားတယ် 😁😁 stream ပေးကြဦးနော် ကလေးတွေကို