CATB-7

817 72 1
                                    

Cuttie and the Beast

Ep-7

Taoအခုဆို အလုပ်​တစ်​ခု ပိုလာပါပြီ အဲ့ဒါက Krisကို ​ပျော်​​အောင်​ဘယ်​လိုလုပ်​ရမလဲဆိုတာပါပဲ
မနက်​ဆို Krisစားဖို့ မီးဖို​ချောင်​ကိုအ​ပြေးသွား စား​သောက်​ဖွယ်​ရာ​တွေကို အရသာရှိရှိ ပြင်​ဆင်​​ပေးပြီးမှ မိမိအလုပ်​ကို ပြန်​လုပ်​တယ်

Krisကလည်း အရသာ​ပြောင်းသွား​ပေမယ့်​ စားလို့​ကောင်းလှတယ်
ဒါ​ကြောင့်​ပဲ Kris မနက်​စာကိုစား​နေကြထက်​ပိုစားမိ​တော့တယ်

Taoခြံထဲမှာ တကုတ်​ကုတ်​နဲ့အလုပ်​ရှုပ်​​နေတုန်း Kris​ရောက်​လာတာကိုမသိလိုက်​​ပေ

'Tao ဘာလုပ်​​နေတာလဲ'

'အယ်​ သခင်​​လေး မနက်​စာစားပြီးပြီလား'

'အင်းပြီးပြီ ဘာလုပ်​​နေတာလဲဆို'

Kris Taoကို ​နောက်​တခါထပ်​​မေးမှ
ပြုံးဖြဲဖြဲနဲ့

'ပန်​သရဖူ​လေး​တွေလုပ်​​နေတာ​လေ maidမမ​တွေလိုချင်​တယ်​ဆိုလို့'

'Aww ဟုတ်​လား ဒါနဲ့ကူ​ပေးရမလား'

Taoအံ့သြပြီး​မော့ကြည့်​​တော့ Krisက သူ့မကြည့်​ဘဲ မျက်​နှာ​လေးလွှဲပြီး ​ပြောတာ ခိခိ တစ်​ခါမှ လူတကာကို ကူဖို့မ​ပြောဘူးမှန်းသိတာလိုက်​တာဆိုတာ

'အင်း ကူ​ပေး​လေ ပန်း​လေး​တွေ​ရွေး​ပေးပါလား လိုက်​ဖက်​တဲ့ပန်း​လေး​တွေကို​လေ'

'ရပါတယ်​ ​ရွေး​ပေးတာ​ပေါ့'

Kris ​ပြောရင်းဆိုရင်း Taoထိုင်​​နေတဲ့ မြက်​ခင်းပြင်​​ပေါ် ထိုင်​ချလိုက်​ပြီး ပန်း​လေး​တွေ​ရွေးဖို့ပြင်​​နေတာ

'ဟို အား​ကောအားရဲ့လားဟင်​'

Tao Krisလက်​ကိုလှမ်းကိုင်​ပြီး ​မေး​တော့ သူTaoလက်​​လေးကို ပြန်​ကိုင်​ပြီး

'ငါက မလုပ်​ဘူး​ဟေ့ဆို အလုပ်​အားတယ်​ရှင်းပြီလား'

ဆိုပြီး ​ပြောပြီး သူပန်း​တွေ​ရွေး​တော့သည်​ Taoက​တော့ သူ​ပြောတာကို သ​ဘောကျသလိုပြုံးပြီး ပန်းကိုဆက်​သီ​နေလိုက်​တယ်

ခဏကြာ​တော့ Kris​ညောင်းလာတယ်​ထင်​တယ်​ ဒူး​ပေါ် တံ​တောင်​နဲ့​ထောက်​​မေးတင်​ပြီး ​ရွေး​နေတာ အင်း​ပေါ့​လေ သူ​ဌေးဆို​တော့လည်း ဒါ​လေးလုပ်​တာနဲ့ ​ညောင်း​လောက်​ပြီ​ပေါ့
Taoသရဖူတစ်​ခုလုပ်​ပြီး​တော့ ​သေချာကြည့်​​နေတယ်​ ပြီး​တော့ Krisကိုပြမယ်​ဆိုပြီးကြည့်​​တော့

'အယ်​ အိပ်​​နေတာလား'

မေး​ထောက်​ရက်​သားကြီးအိပ်​​နေတာ Taoလက်​ထဲက ပန်းသရဖူကိုကြည့်​ပြီး အိပ်​​ပျော်​​နေတဲ့Krisရဲ့​ခေါင်း​ပေါ်ကို တင်​​ပေးလိုက်​တယ်

'ဟင်​ လှလိုက်​တာ'

Tao Krisမျက်​နှာ​လေးကို တစိမ့်​စိမ့်​ကြည့်​​နေမိတာ ​နောက်​​တော့ ဒီပုံ​လေးသိမ်းထားချင်​တာနဲ့ ဖုန်းကိုထုတိပြီး cameraနဲ့ရိုက်​လိုက်​​တော့တယ်

'Click'

'Innn '

အသံကျယ်​သွားလို့ နိုးသွားတဲ့Kris​ကြောင့်​ Tao ဖုန်းကို ကမန်းကတန်း သိမ်းပြီး ခပ်​တည်​တည်​ပဲ​နေလိုက်​​တော့တယ်

'Sorry ကိုယ်​အိပ်​​ပျော်​သွားတယ်​'

'ဟင့်​အင်း ရပါတယ်​'

Taoကုတ်​ကုတ်​နဲ့ဆက်​လုပ်​​နေလိုက်​တယ်

'ဒါနဲ့ Tao ကိုယ့်​​ခေါင်းမှာ တစ်​ခုခု​ရောက်​​နေသလိုပဲ'

'ဗျာ'

အယ်​ ဟုတ်​သား ပန်းသရဖူ မဖယ်​ရ​သေးဘူး

'ဟို ဟို​လေ သ သခင်​​လေး​ခေါင်း​ပေါ်ကို ပန်း သရဖူတစ်​ခု တင်​ တင်​ထားလို့ပါ'

Kris အံ့သြလို့ ​ခေါင်း​ပေါ်စမ်းကြည့်​​တော့ တကယ်​လည်း ရှိ​နေတယ်​ ပြန်​ချွတ်​ပြီး စိတ်​ဆိုးလွန်းလို့ Taoကိုတစ်​ခုခုလုပ်​မှာ စိုးမိတဲ့အတွက်​​ကြောင့်​ မျက်​စိကိုမှိတ်​ထားလိုက်​မိတယ်

ဒါ​ပေမဲ့

'မင်းနဲ့လဲလိုက်​တယ်​'

Taoမျက်​စိမှိတ်​ထားရာက​နေ ဖွင့်​ကြည့်​​တော့ သူ့ကိုပြုံးပြီးကြည့်​​နေတာ

Taoကိုယ့်​​ခေါင်းကိုယ်​စမ်းကြည့်​​တော့ သရဖူတစ်​ခု သူ့​ခေါင်းကတစ်​ခုကို မချွတ်​ထားဘူး

Taoသူ့ကိုပြူး​ကြောင်​​ကြောင်​​လေးကြည့်​​နေတာကို Krisအသဲယားလာတာမို့

'Tao ကိုယ်​မင်းကိုနမ်းလို့ရမလားဟင်​'

~~~~Ep-7 end~~~

Cuttie And The BeastWhere stories live. Discover now