Cuttie and the Beast
Ep-12
'ဘာပြောတယ် ငါတို့ဖက်က လူတွေရှုံးတယ်ဟုတ်လား'
Kris ဒေါသတကြီးနဲ့ အော်လိုက်တာမို့. အစည်းအဝေးခန်းထဲက လူတွေအကုန်လုံး လန့်သွားကြတော့တယ်
'ဟို ကျနော်တို့လည်း ကြိုးစားတာပဲ တရားသူကြီးက လက်မခံဘူး'
'မင်းတို့ပေးတာနည်းလို့လား'
'ငွေရယ် အိမ်ရယ် တိုက်ရယ် မြေကွက်တွေရယ် ပေးမယ်ဆိုတာကိုတောင် လက်မခံဘူး Boss'
'Tsk သူက ဘာမို့လို့လဲ ငါကိုယ်တိုင်တွေ့မယ်'
'Bossဖြစ်ပါ့မလား သူ့ကို တွေ့လို့ရတဲ့အချိန်က တရားခွင်မှာပဲတွေ့လို့ရတယ်လို့ ကျနော်တို့ကြားထားတာ'
'ငါ ရအောင်တွေ့မယ် မဖြစ်နိုင်ဘူးဆိုတာ မရှိစေရဘူး ပြင်ဆင်စရာရှိတာ ပြင်ဆင်ထား'
Kris ဒေါသတကြီးနဲ့ အစည်းအဝေးခန်းထဲကထွက်သွားတော့မှ ကျန်ခဲ့တဲ့သူတွေ သက်ပြင်းတွေချရတော့တယ်
Krisက အခုဆို သူ့အဖေရဲ့ companyမှာ ၀င်ဦးစီးနေပြီ companyဆိုပေမယ့် တစ်ခါတစ်လေ မတရားဝင်လာတဲ့ပစ္စည်းတို့ ဘာတို့ အလုပ်သမားတွေက လစာနဲ့ပက်သက်ပြီးမကျေနပ်တာမျိုးဆို ဒီလိုပဲ ရုံးရောက်ဂတ်ရောက် တော်ရုံဆို တရားသူကြီးတွေကို ငွေလေးဘာလေး ပေးလိုက်ရင် ကိစ္စကပြေလည်သွားပေမယ့်
အခု ပြောင်းလာတဲ့တရားသူကြီးက ငယ်ရုံတင်မကဘူး တိကျတယ် အမှားအယွင်းမခံတဲ့သူ ပိုဆိုးတာက လာဘ်ထိုးတာကို သေအောင်မုန်းတဲ့သူတဲ့သူသွားမတွေ့ခင်ထိတော့ အမောက်ထောင်နေဦးပေါ့ကွာ
~~~~~~~~~~~~~
'ဒီနေရာလား သူနေတာ'
ဆင်ခြေဖုံးရပ်ကွက်ရဲ့အနေအထားက Krisကို တော်တော်လေး မျက်နှာမဲ့စေတယ်
'ဘယ်လိုနေရာကြီးလဲ ဒီလိုတိုက်ခန်းသေးသေးလေးထဲနေပြီး ငါကမ်းလှမ်းတာတွေကို ငြင်းတယ် တွေ့ကြသေးတာပေါ့'
Ringggggg
Krisရဲ့လက်ထောက်က တံခါးရဲ့bellကို နှိပ်လိုက်တယ် တော်တော်နဲ့ လာမဖွင့်
'လာပြီ လာပြီ'
နေပါဦး ဒီအသံ ၇နှစ်ကြာတာတောင်မမေ့နိုင်တဲ့အသံ
တံခါးလေး ဖြည်းညှင်းစွာ ပွင့်လာတာလေးတောင် ရင်တထိတ်ထိတ်နဲ့
'ဟင် Ta Tao'
Taoကတော့ မနက်ခင်းမှာ လှပစွာ သွားတိုက်တံလေးကိုက်ရက်သားလေး
~~~ Ep-12 end~~~
![](https://img.wattpad.com/cover/119523756-288-k692234.jpg)