CATB-11

776 83 1
                                    

Cuttie and the Beast

Ep-11

Mr.Wu စိတ်​​တွေ ​တော်​​တော်​​လေးဆင်းရဲ​နေပါပြီ ​နေ့စဉ်​ရက်​ဆက်​ သားတစ်​​ယောက်​​ကြောင့်​ ရှင်းလိုက်​ရတဲ့ပြဿနာဆိုတာ
တစ်​​နေ့တစ်​​နေ့ ဘယ်​လိုပြဿနာရှာလာမလဲဆိုတာသာ စိုးထိတ်​​နေခဲ့ရတယ်
ဒီလို​တွေဖြစ်​​နေခဲ့တာ Taoထွက်​သွားပြီး​နောက်​ပိုင်း 1နှစ်​အတွင်းမှာ ဖြစ်​လာတာ​တွေပါပဲ

လွန်​ခဲ့​သော ၁နှစ်​က😑😑

'မင်း ငါ့သားနားက ထွက်​သွား​ပေးပါ'

'ဗျာ ဘာ ဘာဖြစိလို့လဲ ကျ​နော်​နဲ့သူနဲ့က ဘာမှ'

'ဘာမှမဖြစ်​​သေး​ပေမယ့်​ လာမယ့်​​ဘေး ကြိုတားတာ မ​ကောင်းဘူးလား ရှင်းရှင်း​ပြောရရင်​ကွာ ငါက ငါ့သားကို မြင့်​မြင့်​မားမားရှိ​စေချင်​တယ်​ ရည်​မှန်းချက်​ကြီးကြီး ရှိ​စေချင်​တယ်​ ခုက မင်းနဲ့ ငါ့သားက လူကြားထဲ ဘယ်​​လောက်​ထိ မျက်​နှာ ပျက်​စရာကိစ္စလဲ မင်းနားလည်​ပါတယ်​'

Tao​ခေါင်းငုံ့ကာသာ ငြိမ်​​နေလိုက်​တယ်​ ရင်​ထဲမှာ​တော့ ​ဒေါသ​တွေ အပြည့်​နဲ့

'မင်း အတွက်​နစ်​နာတယ်​ ဆိုရင်​လည်း ​ပြော​လေ ဦး ဘာဖြည့်​ဆည်း​ပေးရမလဲ မင်းပညာသင်​စရိတ်​ကအစ ဦး​ထောက်​ပံ့​ပေးနိုင်​တယ်​'

'ကျ​နော်​ မလိုအပ်​ပါဘူး ကျ​နော်​ ကိုယ့်​အားကိုယ်​ကိုးနိုင်​ပါတယိ သခင်​ကြီးထွက်​သွား​စေချင်​တယ်​ဆိုလည်း ကျ​နော်​ ထွက်​သွား​ပေးပါ့မယ်​ ကျ​နော့်​ကို ဒီတစ်​ည​တော့ အချိန်​​ပေးပါ'

'​ကောင်းပြီ ဒီတစ်​ညပဲ မနက်​ဖြန်​ မင်းထွက်​သွားတာကိုလိုချင်​တယ်​ ကဲ သွားဦးမယ်​'

Mr.Wu ထွက်​သွားတာနဲ့ Taoရဲ့တင်းခံထားတဲ့မျက်​ရည်​လည်း ​မြေ​ပေါ်ကျသွား​တော့တယ်

~~~~~~~~~~~~~

'Kris ကျနော်​၀င်​လာလို့ရမလား'

Kris စာဖတ်​ခန်းထဲမှာ စာဖတ်​​နေချိန်​ Taoအသံ​ပေးကာဝင်​လာတယ်

'Tao လာ​လေ ၀င်​ခဲ့ ဒီအခန်းကို မင်းဝင်​ချင်​သလို ၀င်​ခွင့်​ရှိတာပဲဟာ'

Cuttie And The BeastTempat cerita menjadi hidup. Temukan sekarang