ကိုကို
Part - 1
" ကိုကို … ကိုကို "
ချစ်စရာကောင်းအောင် ဖန်တီးထားတဲ့ ကော်ဖီဆိုင်လေးထဲက ပိုပြီးချစ်စရာကောင်းတဲ့ ကျွန်တော့ရဲ့ကိုကိုက ကောင်တာမှာထိုင်ရင်း စာရင်းတွက်နေသည်ထင်ရဲ့ ။ တစ်ခါတစ်ခါ မျက်မှောင်ကကြုတ်သွားတတ်သေးသည် ။
" ကိုကို "
လျှောကျနေတဲ့ ကျောပိုးအိတ်လေး တစ်ဖက်ပုခုံးမတင်လို့  ကျွန်တော်ခေါ်မိလေတော့ စာရင်းလုပ်နေရာက မော့ကြည့်လာပေမဲ့ မျက်မှောင်ကြုတ်ထားသည်က မပျောက်သွား ။ ပိုလို့ တောင်ကြုတ်သွားသလိုပင် ။
" ဘာလာလုပ်တာလဲ Xiao Lu "
" ကော်ဖီလာသောက်တာလေ ကိုကိုကလည်း "
" မင်းကို ငါဘယ်နှစ်ခါပြောရမလဲ Xiao Lu … ကျောင်းဆင်းရင် အိမ်ကိုအရင်ပြန်ပါဆို ။ ပီးမှ အဝတ်စားလဲပီး လာလို့ ရတာပဲ ။ "
" Xiao Lu က ကျောင်းဆင်းဆင်းချင်း ကိုကို့ မျက်နှာကို အရင်မြင်ချင်မိတာကို ဘယ်လိုလုပ်ရမလဲပြော "
နှုတ်ခမ်းဆူကာ သနားစရာမျက်နှာပေးနဲ့ ပြောလာတော့လည်း ဆူရတဲ့သူသာ လူဆိုးဖြစ်တော့မည်မို့  Sehun ထပ်ပြောမနေတော့ ။
" ကော်ဖီလား bubble tea လား "
" အစက ကော်ဖီသောက်ချင်ပေမဲ့ ခုကိုကို့ မျက်နှာမြင်တော့ ကိုကိုကြိုက်တဲ့ bubble tea လေးပဲ သောက်တော့မယ် "
" ခနသွားထိုင်စောင့်နေ "
ကိုကိုက ခုထက်ထိ ကျွန်တော့ကို စိတ်ကြည်သေးပုံမရ ။ ရယ်တောင်မပြဘဲ ဆူဆောင့်နေသေးသည် ။
" Jongin … Xiao Lu အတွက် bubble tea … "
" ကိုကို ဖျော်ပေးတာမဟုတ်ရင် မသောက်ဖူးနော် လုံးဝ "
" ကဲ လာပါ Sehun ရာ ။ မင်းကလည်း ကလေးနဲ့အပြိုင် ကောက်မနေနဲ့တော့ "
အနောက်မှ Jongin hyung ဆွဲခေါ်တော့မှ ဆူပုတ်ပုတ်နဲ့လိုက်သွားသော ကိုကို့ မျက်နှာကို ကြည့်ပီးမှ ကျွန်တော်ထိုင်နေရာကို သွားရတော့သည် ။ ဒီနေ့တော့ ကျွန်တော်အမြတ်နိုးဆုံး ကိုကို့ အပြုံးတွေကိုတော့ မမြင်ရသေး ။