Part - 4

9K 1K 77
                                    

ကိုကို

Part - 4

Sehun နာရီတစ်ချက်ကြည့်ကာ ပြုံးလိုက်မိသည် ။ ခုချိန်လောက်ပြန်လျှင် Luhan ကျောင်းဆင်းချိန်နှင့် ကွက်တိဖြစ်လောက်မည် ဖြစ်သည် ။

မနေ့ က သူနှင့် Luhan ၏  အတိတ်ကိစ္စများကို လွန်လွန်ကြူးကြူး တွေးမိသွား၍ထင် စိတ်ထဲခံစားချက်အမျိုးမျိုး ဝင်ရောက်လာကာ တစ်ယောက်တည်းမနေချင်သည်မို့  မိဘအိမ်ပြန်လာဖြစ်ခဲ့သည် ။

မေမေနဲ့ စကားတွေပြောရင်းဖြင့် အချိန်ကိုကုန်ဆုံးချင်လာသည်ကြောင့်လည်း ဖြစ်သည် ။ ညကအိပ်ရာဝင်နောက်ကျသည်မို့  မနက်ကျမထချင် ။ ဒီလိုနဲ့ပဲ Jongin ဆီ ဖုန်းဆက်ပြီး ညနေမှလာတော့မည်ဟု ပြောရသည့်အဖြစ် ။

"  သား ညနေစာစားပီးမှ ပြန်ပါတော့လား "

"  မစားတော့ဘူး မေမေ ။ ကျွန်တော်ဝင်ကြိုစရာလေးရှိလို့  "

"  ဟောဟော ငါ့သားတောင် ရည်းစားတွေဘာတွေ ရနေပြီလား "

"  အာာ မေမေကလည်း မဟုတ်တာ "

ရှက်ကိုးရှက်ကန်းဖြင့် Sehun အိမ်ထဲကပြေးထွက်လာကာ ကားတံခါးဖွင့်မည်ဆိုမှ ကားသော့မပါမှန်း သတိရတော့သည် ။

အနောက်ကိုလှမ်းကြည့်တော့ ကားသော့ကိုလက်မှာ ရမ်းပြကာ ရယ်နေတဲ့ မေမေကြောင့် မျက်နှာပူပူနဲ့ပဲ ကားသော့ပြေးယူရင်း အသားကုန်သာ မောင်းရတော့သည် ။

"  Hello ကိုကို "

"  Xiao Lu ကျောင်းဆင်းပြီလား "

"  ဟုတ် ကိုကို ခုပဲဆင်းတာ "

"  အင်း ကိုကို့ ကို ခနစောင့် ။ နောက်ဆယ်မိနစ်ဆို ကိုကိုရောက်ပြီ "

"  ကိုကို  Xiao Lu ကို လာကြိုမို့ လား "

အံ့သြသလိုလေး မေးလာသော Luhan ရဲ့ စကားနောက်မှာ ပြုံးနေမည်ဖြစ်သော နှုတ်ခမ်းလေးကို မြင်ယောင်မိတော့ မမြင်ရဘဲတောင် Sehun အူယားမိသည် ။

"  အင်းပေါ့ ။ ကိုကိုခုလာနေပြီ "

ဖုန်းကျသွားသည်နှင့် တစ်ပြိုင်နက် ကိုင်ထားသော စက်ဘီးကို Jongdae ကို ထိုးပေးရင်း

" ရော့ ပြန်ယူတော့ ။ အဟိ … ကိုကို ငါ့ကိုလာကြိုနေပြီ ။ မင်းတို့ ကို မလိုတော့ဘူး "

ကိုကို ( Completed ) Où les histoires vivent. Découvrez maintenant