ကိုကို
Bonus Part
" မင်း Xiao Lu ကို မချော့တော့ဘူးလား ။ ဘယ်လောက်ထိကြာအောင် ပစ်ထားမှာလဲ "
Luhan ထိုင်နေကျ နေရာလေးကို ကြည့်လိုက်ရင်း Jongin ၏ စကားကို Sehun လေးပင်စွာ ဖြေသည် ။
" ငါမှ မမှားတာကွာ "
" မင်းမှားတာ အသိသာကြီး ။ ဘာမှကလေးကို အပြစ်မပြောနဲ့ ။ သူ့ ဘာသာ သဝန်တိုတယ်ဆို ဆိုတယ်ပေါ့ ~ အလကား ကလေးကို စိတ်ဆင်းရဲအောင် လုပ်တယ် "
ပွစိပွစိပြောကာ တိုင်မှာချိတ်ထားတဲ့ အပေါ်ဝတ်အင်္ကျီကို Jongin ယူ၍ အပြင်သို့ ထွက်သွားသည် ။ ထွက်သွားတဲ့ Jongin ကို မကျေနပ်သလို Sehun ကြည့်ရင်း ကျန်နေခဲ့တော့သည် ။
ဟူးးး ~~
Xiao Lu ။
လွန်ခဲ့သော သုံးရက်မှစ၍ ဒီအဖြစ်အပျက်များ ဖြစ်လာခဲ့သည် ။
ကျောင်းအားကစားပြိုင်ပွဲ ပီးတဲ့အခါ Xiao Lu တို့  နားရက် ၁၀ ရက်ရသည် ။ ထို့ ကြောင့် ကိုကိုနဲ့ အတူအမြဲရှိရတော့မည်ဟု Xiao Lu ဝမ်းသာစွာ ပြောခဲ့သည်မို့  Sehun သည်လည်း ပူပူနွေးနွေး ချစ်သူနဲ့ အတူရှိရတော့မည်ဆိုတော့ ရင်ခုန်နေလျက် ရှိသည် ။
ကျောင်းပိတ်ရက်ဖြစ်သည့် ပထမဆုံးနေ့ မှာပင် Sehun နှင့် Xiao Lu ပထမဆုံး ဒိတ်အဖြစ် လျှောက်လည်ဖြစ်ကြသည် ။ ပြန်ရောက်သည့်အခါ Xiao Lu သည် အိမ်မပြန်ချင်သေးဟု ပြောကာ ဆိုင်တွင် ခနနေသည် ။
တဖြည်းဖြည်းနဲ့ ဆိုင်တွင်းမှာ လူများလာတော့ Xiao Lu ကိုယ်တိုင် စားပွဲထိုးပေးတော့သည် ။
" ကိုကို … Xiao Lu စားပွဲထိုးပေးတယ်နော် ။ Xiao Lu ကို လုပ်အားခပေး "
လက်တွေအချင်းချင်း တွဲထားကာ လမ်းလျှောက်နေရင်းမှ Xiao Lu ၏ စကားကြောင့် Sehun သဘောကျစွာ ရယ်မိသည် ။ ညနေ ၅ နာရီဆိုတဲ့ အချိန်သည် သာမန်အချိန်သာဆို မမှောင်သေးပေမဲ့ ဆောင်းဝင်ခါနီးမို့  အနည်းငယ် မှောင်စပြုနေပြီ ဖြစ်သည် ။
Xiao Lu ကို ကားနှင့်လိုက်ပို့ ရင် ရပေမဲ့ ကားနဲ့ဆို သိပ်မဝေးတဲ့ အိမ်ကိုအမြန်ပင် ရောက်သွားမည်မို့  အိမ်အပြန်၌ပင် အတူတူရှိနေချင်သေးတာကြောင့် လမ်းလျှောက်လိုက်ပို့ ရခြင်း ဖြစ်သည် ။