ကိုကို
Part - 10
ကိုကိုသည် ကျွန်တော်၏ လက်ကိုဆုပ်ကိုင်ထားရာမှ ဖျစ်ညစ်လျက် စိတ်လှုပ်ရှားနေ၍ လက်ဖျားတွေအေးစက်နေသည်ကို ဖြေလျော့ပေးလျက်ရှိသည် ။
ခု ကျွန်တော်နှင့်ကိုကိုသည် ကိုကို၏ ဆိုင်အတွင်းမှနေ၍ ကိုကိုနဲ့စေ့စပ်မဲ့သူကို စောင့်နေခြင်းဖြစ်သည် ။ အဆင်ပြေပါစေလို့  စိတ်ထဲမှနေ၍ တိတ်တိတ်လေး ဆုတောင်းနေရသည် ။
တကယ်လို့ များ အဆင်မပြေခဲ့ရင်လည်း ကိုကို့ ကို ကျွန်တော်မရရအောင် ယူဖို့ ကိုလည်း ကြိုတွေးထားပြီးသည်မို့  ကိစ္စတော့မရှိ ။ ဘာကြောင့်ဆို ကိုကို့ ရဲ့စိတ်ကို ကျွန်တော်အပိုင်ရထားပီးသားပဲလေ ။
" Hyunbin ဒီမှာ "
ဆိုင်ထဲကို ဝင်လာသော ကိုကို၏ ငယ်သူငယ်ချင်းလဲဖြစ် စေ့စပ်ရမည့်သူမှာ အတော်ကိုလှပသောဘက်သို့ ရောက်သည် ။ သူမက ထိုင်ခုံမှာဝင်ထိုင်ရင်း ကျွန်တော်တို့  နှစ်ယောက်ကို အလှပဆုံးပြုံးပြသည် ။
" ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးနဲ့ ငါ့ကိုခုမှ မိတ်ဆက်ပေးတယ် ကြည့်စမ်း Sehun … မင်း ဆိုးလှချည်လား "
နိုင်ငံခြားမှာ ကြီးပြင်းလာသူပီပီ စကားပြောတာဆိုတာသည် ယောက်ျားဆန်သည် ။ ပြောရရင် ပွင့်လင်းတယ်ဆို ပိုမှန်မည် ။
Sehun သည် Hyunbin ဆီမှ စကားကြောင့် အိုးတိုးအန်းတန့် ဖြစ်သွားသည် ။
" နှုတ်ဆက်လိုက် Xiao Lu … ဒါ ကိုကို့ သူငယ်ချင်း Jung Hyunbin "
" ဟုတ် တွေ့ရတာဝမ်းသာပါတယ် noona "
ကျွန်တော်မတ်တပ်ရပ်ကာ ကိုယ်ကိုကိုင်းလျက် နှုတ်ဆက်တော့ သူမကလည်း မတ်တပ်ရပ်ကာ လက်ပေး၍ ပြန်၍နှုတ်ဆက်သည် ။
" အသားလေးတွေက နူးညံ့အိစက်နေတာပဲ ။ Sehun ~ မင်းတော့မသိဘူး ငါတော့ ကိုင်ရမှာတောင် နှမြောတယ် "
ဒုတိယအကြိမ် သူမစကားကြောင့် Sehun အံ့သြရပြန်သည် ။ သူမဘာတွေ ပြောနေတာလဲ သူမသိပါ ။ သူနဲ့ Xiao Lu အကြောင်းကို သိနှင့်နေတာလား ။
" ငါ့ကို မင်းနဲ့သဘောမတူဘဲ ဒီကလေးနဲ့သာ သဘောတူရင်တော့လား … "