Part - 5

8.8K 1K 44
                                    

ကိုကို

Part - 5

တီ တီ

အိမ်ရှေ့က ကားဟွန်းတီးသံကြောင့် ထခုန်မတတ်ပျော်သွားရသည်နှင့်အတူ ဘယ်ဘက်ရင်ဘတ်နားကို အုပ်ကိုင်ထားလိုက်မိတယ် ။

ကျွန်တော်အခု ရင်တွေတုန်နေတယ် ။ စိတ်လှုပ်ရှားနေတယ် ။

"  Xiao Lu … ကိုကို လာနေပြီထင်တယ် "

"  ဟုတ် Xiao Lu သွားပြီ … မား "

အိမ်ရှေ့ကို ရောက်တော့ ကိုကိုက ကားစီယာတိုင်ကို လက်နှင့်တဖျက်ဖျက်တောက်လျက် စောင့်နေသည် ။ ကိုကို့ ပုံစံက အရမ်းကိုကြည့်လို့ မသွားသေးဘဲ ကျွန်တော်ခန ရပ်ကြည့်နေမိတော့သည် ။

"  Xiao Lu မလာသေးဘဲ ဘာလုပ်နေတာလဲ "

ရပ်နေတဲ့ကျွန်တော့ကို တွေ့သွားသည့်နှယ် ကိုကိုလှမ်းခေါ်တော့ ခေါင်းရမ်းပြရင်း ကားပေါ်တက်လိုက်ရသည် ။

"  Xiao Lu  ဘာကားကြည့်ချင်လဲ "

"  ကိုကို ဘာကြည့်ချင်လဲ ? Xiao Lu က ကိုကိုနဲ့အတူရှိနေရရင် ရပြီ "

စကားဆိုရင် တည့်တိုးပဲပြောတတ်သည့် ကျွန်တော့အကျင့်ကြောင့် ကိုကိုကတော့ အထိုင်မကျသေးသည့်ထင် လက်မှတ်ရုံသို့  မပြေးရုံတမယ် ထွက်သွားတော့သည် ။

ဟိဟိ နားရွက်ဖျားလေးတွေ ရဲနေတဲ့ ကိုကို့ ပုံကလည်း ချစ်ဖို့ ကောင်းနေပါရောလား ။

"  Wish upon ဝယ်လာခဲ့တယ် ကြည့်မယ်မလား "

"  အာ အဲ့ကား Xiao Lu ကြည့်ပြီးသွားပြီ ။ ရုံထဲမှာတင် အသေကိုအော်ရတာ "

"  ဘယ်သူတွေနဲ့ ဘယ်တုန်းက ကြည့်သွားတာလဲ ? Xiao Lu ကျောင်းထပ်ပြေးတာလား  "

မျက်မှောင်ကြုတ်လျက် စူးစမ်းသလို မေးလာသည့် ကိုကို ။

"  မဟုတ်ပါဘူး ကိုကိုကလည်း ။ ဟိုတစ်ပတ် ကျောင်းပိတ်တုန်းက လာကြည့်တာ ဟိုနှစ်ကောင်နဲ့ "

သွားအဖြဲသားလေးနဲ့ ပြောတော့မှ လက်ထဲက ကိုလာဗူးကို ပေးပီး ရုံထဲဝင်သွားသည့် ကိုကို့ နောက် အပြေးကလေးလိုက်ရတော့သည် ။

"  အဲ့ဒီ မင်းသမီးကလေ တကယ်ဆို ဆုမတောင်းသင့်ဘူး သူ့ ကြောင့်အလကားနေရင်း လူတွေသေရတာ "

ကိုကို ( Completed ) Where stories live. Discover now