Part - 7

9K 967 49
                                    

ကိုကို

Part - 7

"  Xiao Lu မင်းနဲ့ မင်းကိုကိုက ဘယ်အခြေနေထိ ရောက်ပီလဲ "

လေ့ကျင့်ခန်းထဲက ခုံတန်းပေါ်ထိုင်လိုက်ရင်း Jongdae မှ ပြောလာလေသည် ။ နောက်တစ်ပတ် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ရှိသည်မို့  ကျွန်တော်တို့ ကျောင်းရဲ့ ဘောလုံးလက်ရွေးစင်ဖြစ်တဲ့ ကျွန်တော်လေ့ကျင့်နေရခြင်းဖြစ်သည် ။

ဟိုနှစ်ယောက်ကတော့ အတန်းမတက်ချင်လို့  ကျွန်တော့ကိုအားပေးသလိုနဲ့ လာရှုပ်နေကြတာ ။

"  အရင်အတိုင်း မပြောင်းလဲဆဲပဲပေါ့ကွာ "

"  သူကလည်း ဒါတော့မဟုတ်သေးဘူး ။ ချစ်ရင်လည်း ချစ်တယ် မချစ်ရင်လည်းမချစ်ဘူးပေါ့ ခုဟာက "

"  ခုဟာက ဘာဖြစ်နေလို့ လဲ "

Baekhyun ၏ စကားကို မျက်မှောင်ကြုတ်လိုက်မိရင်း ပြန်မေးရသည် ။ ကိုကိုက ဘာဖြစ်နေလို့ လဲ ? သူတို့ မျက်နှာတွေကလည်း အလိုမကျဟန်က အပြည့် ။

"  မင်းကို မချစ်ရင်လည်း မျှော်လင့်ချက်တွေ မပေးသင့်ဘူး "

"  တော်ပါတော့ကွာ ။ မင်းတို့ ကလည်း ငါ့ကိုကို ကိုပဲအပြစ်ပြောနေတာပဲ ။ သူမျှော်လင့်ချက် မပေးဘူးဆိုတာ မင်းတို့ အသိပဲကို "

"  ဘာပဲဖြစ်ဖြစ် မင်းကိုဂရုစိုက်ပေးကိုက မျှော်လင့်ချက်ပေးသလို ဖြစ်နေတာပဲ "

"  ဒီဂရုစိုက်မှုမှ ငါမရရင်လဲ ရူးသွားမှာကွ ။ သွားတော့ မင်းတို့  ! အလကားအတန်းမတက်ချင်လို့ အချိန်လာဖြုန်းနေပြီး ငါ့ကိုကို ကိုလာပြောနေတာ "

ဇွတ်တရွတ်ကို ပြောနေလေသော သူငယ်ချင်းနှစ်ယောက်ကို နားနေခန်းမှ တွန်းထုတ်ပြီး ဒုတိယအကြိမ်လေ့ကျင့်ရေးသို့  သွားရတော့သည် ။

ပြိုင်ပွဲနေ့မှာ ကိုကို့ ကို ရှိစေချင်လိုက်တာ ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က gym ကစားတာ ရဲ့ အကျိုးကျေးဇူးကြောင့် ခုထိခြေသလုံးတွေ အောင့်ထားတာကို ခုလည်း pratice ဆင်းရသည့်မို့  အကင်းမသေသေးတဲ့ ခြေထောက်က နာလာပြန်သည် ။

ဒီနေ့လည်း ကိုကို့ ကို ကုန်းပိုးခိုင်းရမလား ။

ဟိ ကုန်းပိုးခိုင်းမယ်ဆိုမှ ထိုနေ့ ညက ကိုကို့ အပေါ် ပေးလိုက်မိတဲ့ အနမ်း အကြောင်း မျက်လုံးထဲမြင်လာမိတော့ တစ်ကိုယ်တည်း ပြုံးကာ ကြည်နူးရသေးသည် ။

ကိုကို ( Completed ) Where stories live. Discover now