Part - 9

9.2K 962 30
                                    

ကိုကို

Part - 9

"  Xiao Lu  ဒီနားမလာတော့ဘူးလား "

Sehun သည် ကုတင်ပေါ်ထိုင်နေရင်းကပင် သူ့ ဘေးတစ်နေရာကို လက်နှင့်ပုတ်ပြသည် ။ ပြုံးတုံ့ တုံ့ မျက်နှာပေးကတော့ ပျောက်မသွားပေ ။ အကြောင်းမှာကား သူ့ ကိုခုထိတစ်ချက်မှ လှည့်မကြည့်ဘဲ ခုံပေါ်ခုနကအတိုင်းပင် ကုတ်ကုတ်လေးထိုင်နေလျက် လက်အချင်းချင်းကို ပွတ်နေသော ကောင်လေး၏ ပုံစံကြောင့်ပင်ဖြစ်သည် ။

"  ကိုကို့ ကို တစ်ယောက်တည်းထားတော့မှာလား ။ ဒီလိုကျ ကိုကို စိတ်မကောင်းဖြစ်တာပေါ့ ။ ခုနကလို လာလုပ်ဦးလေ "

"  ကိုကို နော် "

ငုံ့ ထားသောခေါင်းသည် ပို၍ပင် ငုံ့ သွားလေသောအခါမှ Sehun စနေတာကို ရပ်ပြီး ထိုကောင်လေးနား ထသွားလိုက်တော့သည် ။

"  Xiao Lu … ကိုကို မင်းကိုတွေ့ချင်လို့  လာခဲ့တာ ခုပြန်ရတော့မယ် ထင်တယ် "

Sehun ထိုသို့ ပြောလိုက်မှ ခေါင်းလေးမော့လာကာ ကြည့်လေသည် ။

"  ကိုကို မပြန်လို့ မရဘူးလား "

"  ကိုကို မပြန်ရင် ဘယ်မှာသွားအိပ်ရမလဲ "

အိပ်စရာနေရာသည် တစ်နေရာတည်းသာ ရှိတာသိသော်လည်း Luhan ၏ ပုံစံကို ကြည့်ကာ Sehun ထပ်၍စချင်မိလာသောကြောင့် မေးမိသည် ။

"  ကိုကို ဆိုဖာပေါ်မှာ အိပ်လေ "

မျှော်လင့်ထားသော စကားမဟုတ်၍ Sehun အံ့သြသွားရသည် ။ ဒီကောင်လေးသည် သူနှင့်အတူအိပ်မည်ဟု ပြောလာမယ်ထင်နေခဲ့တာ ။

ရိုးသားလိုက်တာ Xiao Lu ရာ ။

"  ကိုကို့ ကို ဆိုဖာပေါ်မှာ အိပ်ခိုင်းရက်တယ်ပေါ့ "

"  အာ … ဒါဆိုလည်း ကိုကို ကုတင်ပေါ်အိပ်လေ ။ Xiao Lu  ဆိုဖာပေါ်အိပ်လိုက်မယ် "

"  ကိုကို့ ကလေးကို ကိုကိုက ဆိုဖာပေါ်အိပ်ခိုင်းမယ် ထင်နေတာလား "

Luhan သည် အတွေးကြပ်သွားသလိုဖြစ်သွားတာ မဝံ့မရဲသူ့ ကိုကြည့်လျက် တစ်လုံးချင်းစီ ဖြည်းဖြည်းချင်း ပြောလာသည် ။

"  ဒါ … ဒါဆိုလည်း Xiao Lu နဲ့ အတူ .. အတူ ကုတင်ပေါ်မှာ အိပ် မလား "

"  ကိုကိုက ကုတင်ပေါ်အိပ်ရင်လည်း တစ်ယောက်တည်းပဲ အိပ်တတ်တာ ။ ဘယ်လိုလုပ်မလဲ ? "

ကိုကို ( Completed ) Where stories live. Discover now