ကိုကို
Part - 8
Sehun ၏ စကားကြောင့် Jongin မျက်လုံးပြူးသွားရင် တစ်စုံတစ်ယောက်၏ ညှိုးငယ်နေသော မျက်နှာကို ချက်ချင်းသွားမြင်မိတော့သည် ။
" ဒါဆို Xiao Lu ဘယ်လိုဖြစ်မှာလဲ "
" ငါ … ငါမသိဘူး ။ Xiao Lu ကို ငါဘယ်လိုပြောရမလဲ မသိဘူး "
" Xiao Lu ကို ပြောရမှာထက် ဒီပွဲကို ဘယ်လိုငြင်းရမလဲ အရင်တွေးရမှာမဟုတ်ဘူးလား "
" ငါ့အဖေသဘောဆို ငါဘယ်လိုမှငြင်းမရမှာ မင်းသိရဲ့သားနဲ့ "
" ဒါဆို Xiao Lu နဲ့ အမြဲတမ်းအတွက် ဝေးဖို့  တွေးထားပီးပီလား "
မျက်နှာငယ်လေးနဲ့ ခေါင်းရမ်းပြနေသော Sehun ကိုကြည့်လျက် Jongin သက်ပြင်းချမိတော့သည် ။
ဒီကိစ္စ ငြင်းမှဖြစ်မှာ ။ မဟုတ်ရင် သူ့ မျက်နှာပဲကြည့်ပြီးနေလာတဲ့ Xiao Lu အတွက် အရမ်းကိုခံစားရမဲ့ ကိစ္စတွေ ရောက်လာတော့မှာ ။ ဒီလိုတော့ Jongin မဖြစ်မခံနိုင် ။
" မင်းအသုံးမကျတာလည်း ပါတယ် ။ မလုပ်ချင်ရင် တစ်ခါတည်းငြင်းလာပါလား "
" ဘယ်လိုမှ မတတ်နိုင်လို့ ကွ ။ ခုဟာကလည်း ဖေဖေက အရေးကြီးကိစ္စရှိလို့  အိမ်ခနလာပါဆိုပြီး လှည့်ခေါ်တာကွာ ။ ဟိုကျမှ surprise ဆိုပြီး နှစ်ဖက်မိဘ တွေ့ဆုံပွဲကြီးဖြစ်နေတာ ။ ငါအဲ့နေရာကနေ တကယ်ကို အငွေ့ပျံချင်သလို ဖြစ်လာတာ ။ စိတ်ညစ်တယ်ကွာ "
ခေါင်းက ဆံပင်များကို ခပ်ကြမ်းကြမ်းဆွဲဖွလျက် ညည်းတွားသလို Sehun ပြောလာသည် ။
" ကောင်မလေးနဲ့ ညှိကြည့်ရင်ရော "
" ဖြစ်ပါ့မလား "
" မဖြစ်လည်း ဖြစ်အောင်လုပ်ရမှာပေါ့ကွာ ။ ငါကတော့ Xiao Lu ဘက်ကနော် ။ ဒီလောက်လုပ်တဲ့ကြားကမှ မရဘူးဆို ငါကိုယ်တိုင် မင်္ဂလာပွဲလာဖျက်မှာ "
Jongin က တကယ်အတည်ပေါက်ကြီးနှင့် ပြောလာလေတော့ စိတ်ညစ်နေတဲ့ကြားမှ Sehun ရယ်မိတော့သည် ။
ကောင်းကင်မှာ ကြယ်တွေအများကြီးနှင့် တကယ်ကိုလှပနေသည် ။ တလက်လက်နှင့် တောက်ပနေသော ကြယ်များကို ကြည့်လျက် သူ့ ကိုမြင်လျှင် တလက်လက်တောက်ပသော မျက်ဝန်းများနှင့် ကြည့်တတ်သော ကောင်လေးကို Sehun လွမ်းမိတော့သည် ။