Part - 2

10.8K 1.1K 48
                                    

ကိုကို

Part - 2

"  ဟေးးး Luhan ငါတို့ ဒီမှာ "

Canteen ထဲကို ကျွန်တော်ဝင်လာတော့ Jongdae က လက်လှမ်းပြသည် ။

"  မင်းတို့ က စောလှချည်လား "

" အေး စောဆို ငါတို့ ဒီနေ့ အတန်းလစ်ပီး လျှောက်လည်ရအောင် တိုင်ပင်နေတာ ။ အဲ့တာ မင်းပါလိုက်ခဲ့ "

"  အာ မဖြစ်ဘူး မဖြစ်ဘူး "

"  ဘာမဖြစ်တာတုန်းဟ "

ဘေးနားက Baekhyun က စိတ်မရှည်စွာ လှမ်းပြောသည် ။

"  ကိုကို သိရင် ငါအဆူခံရမှာကွ "

"  ဟာကွာ မသိလောက်ပါဘူး ။ ငါတို့ လည်မှာ သူကဘယ်လိုလုပ်သိမှာလဲကွ "

"  မဖြစ်ဘူး ထင်တယ် Baekhyun ရာ ငါကြောက်တယ် "

"  မကြောက်စမ်းပါနဲ့ Luhan ရာ … မင်းကိုကို မသိစေရဘူးလို့  ငါအာမခံတယ် ဟုတ်ပီလား "

ခုမှထိုင်ခုံမှာ ထိုင်းတုန်းရှိသေး ဟိုဘက်ဒီဘက် လက်မောင်းကနေ မနေကြတဲ့ Baekhyun နဲ့ Jongdae ကြောင့် မနက်က မနက်စာမစားလာခဲ့ရသည်ကို နောင်တရချင်သွားသည် ။

"  ဟေ့ကောင်တွေ နေဦး ! ငါမနက်စာဘာမှမစားရသေးဘူး "

"  မနက်စာမစားရလို့  သေမှာမဟုတ်ဘူး ။ မရစ်စမ်းနဲ့ကွာ "

ထိုသို့ ပင် ကျွန်တော်သည် ထိုအလစ်သမားနှစ်ယောက်ကြားတွင် ယက်ကန်ယက်ကန်နဲ့ ပါသွားရတော့သည် ။

"  စက်က နှစ်စက်ပဲရှိတယ် ဘယ်လိုလုပ်မလဲ ? "

ကျွန်တော်တို့ လည်မယ်ဆိုလို့  ကစားကွင်းသွားမယ်မထင်နဲ့ ကလေးကလားအလုပ်တွေ မလုပ်ဘူး ဂိမ်းဆိုင်ပဲလာကြတာ ။ လာမဲ့လာတော့လည်း လူကပြည့်နေပြန်သည်။ ဒါတောင်တော်သေးတယ် ကျွန်တော်တို့ ဝင်လာတော့ ကောင်လေးနှစ်ယောက်က ကထွက်လာလို့ ရယ် ။

ကျောင်းမတက်ဘဲ ဂိမ်းဆိုင်ရောက်နေသည့်ထဲ ကျွန်တော်တို့ တွေပဲ မဟုတ်သည်မို့  နည်းနည်းတောင် အားတက်ချင်သွားသည် ။

"  မထူးဘူးကွာ ရှိတာနဲ့ပဲ ကစားရတာပေါ့ ။ ရှုံးတဲ့သူ နဖူးတောက်ခံရပီး ထွက်ကြေး "

ကိုကို ( Completed ) Where stories live. Discover now