ကိုကို
Part - 3
" မင်း နည်းနည်းတော့ လွန်တယ်လို့ မထင်မိဘူးလား "
Sehun ဝင်လာသည်နှင့် ကော်ဖီဖျော်နေလက်စကိုပင် မရပ်ဘဲပြောလိုက်သည့် Jongin စကား ။
" ဘာကိုလဲ "
" Xiao Lu ကို အော်တာ မလွန်ဘူးလားလို့  ။ တကယ်ဆို သူနဲ့မင်းက အော်ရလောက်တဲ့အထိ ပတ်သက်မှုမှမရှိဘဲ ။ "
" သူ့ ကို အကိုတစ်ယောက်အနေနဲ့ မဖြစ်သင့်တာမဖြစ်ရအောင် ငါအော်လိုက်တာပါကွာ "
" ဒါမဲ့ သူကမင်းကို အကိုတစ်ယောက်လို သဘောမထားဘူးဆိုတာရော မင်းသိနှင့်ပီးသားပဲမလား "
Jongin စကားကို ဘယ်လိုဘယ်ပုံ တုံ့ ပြန်ရမှန်း Sehun မသိတော့ ။ သိသည် ။ Luhan သူ့ ကို ဘယ်လိုသဘောထားမှန်း သူသိတာကြာခဲ့ပြီ ။ မဖြစ်နိုင်မှန်းလည်း သူသိသည် ။ မဖြစ်သင့်မှန်းလည်း သူသိသည် ။ ဝန်ခံရလျှင် သူပေါ့ပေါ့တန်တန်ပဲ တွေးထားဖြစ်ခဲ့သည် ။
Luhan သည် သူ့ ထက်လေးနှစ်လောက်ငယ်သည့် ကလေးတစ်ယောက် ။ ခုချိန်ဟာ ခံစားချက်တွေ အမျိုးမျိုးဖြစ်ပေါ်လာနိုင်သည့် လူငယ်တစ်ယောက် ။ တစ်နေ့ တော့ Luhan လည်း အချစ်စစ်တွေ့သွားတဲ့အခါ ဒါတွေက ဘာမဟုတ်တဲ့ အမှတ်တရတွေအဖြစ်ပဲ ကျန်နေခဲ့မည်ဟု သူတွေးထားခဲ့တာ ။
သို့ သော် Luhan ရဲ့ ခံစားချက်တွေသည် သူပေါ့တန်စွာ တွေးထားခဲ့သလို ဖြစ်မလာခဲ့ ။
" Xiao Lu ကို ပြန်မတုံ့ ပြန်နိုင်ရင် မျှော့်လင့်ချက်တွေ မပေးပါနဲ့ ။ သူခံစားရလိမ့်မယ် "
ကော်ဖီပေါ်မှာ ပြုံးနေတဲ့ပုံလေး လက်စသတ်ပီးကာ Jongin အပြင်ကိုထွက်သွားတော့ Sehun သက်ပြင်းချရင်း ခုံပေါ်ထိုင်ချဖြစ်သည် ။ Jongin ပြောတာ မမှားမှန်းသူသိသည် ။ ဒါကြောင့် သူ့ မှာ Jongin ကို ပြန်ချေပရမည့် စကားမရှိပေ ။
အတွေးများသည် လွန်ခဲ့သည့် နှစ်နှစ်က ဒီကော်ဖီဆိုင်လေးတွင် စတင်တွေ့ဆုံခဲ့သည့် တွေ့ဆုံမှုဆီသို့  ရောက်ရှိသွားတော့သည် ။
ထိုနေ့ က Sehun နှင့် Jongin တို့ စပ်တူဖွင့်တဲ့ ကော်ဖီဆိုင်ဖွင့်ပွဲနေ့  ။ ဖွင့်ပွဲပီးသွားလို့  နှစ်ယောက်သား ဆိုင်ရှေ့ကပူဖောင်းများနှင့် ပန်းများသိမ်းနေချိန် " ကိုကို " ဟူသော နာမ်စားနှင့်အတူ ရောက်လာသော ကောင်လေးတစ်ယောက် ။ တိတိကျကျပြောရလျှင် ဆံပင်ငွေရောင်ဖျော့လေးနဲ့ ကျောပိုးအိတ်ကလေးလွယ်ထားသည့် ဝန်းလဲ့နေသော မျက်ဝန်းများနှင့် ချစ်စဖွယ်ကလေးတစ်ယောက် ။