"Ommoni Baek Baek လေး အဆင်ပြေရဲ့လား?"
"Ommoni Baek Baek လေး ဘယ်လိုနေလဲ?"
"Ommoni လိုအပ်တာ ရှိလား?"
"Ommoni ~~~~"
Baekhyun ပြင်ဆင်နေတဲ့ အခန်းရှေ့မှာ ထိုင်မရ ထမရနဲ့
ယောက္ခမကြီးကို တသ,သ မေးနေ တဲ့ Chanyeol ရယ်ပါလေ~
အဆင်ပြေပါတယ်ပြောလည်း မရ တစ်မိနစ် တစ်ခါနီးပါး လာမေးနေတာနဲ့........"သား သားရဲ့ Baek Baek လေးက အဆင်ပြေတယ် ဆိုတာထက်ကို ပိုနေတယ် မပြေတာက သား ~အခုထိ ဘာမှ မပြင်သေးပဲ
ဝတ်စုံပြည့် ဝတ်ပြီးတာနဲ့ Baek Baek လေးအခန်းရှေ့ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့....သားရဲ့ Baek Baek လေးက ခန်းမထဲ အရင်ဝင်ရမှာ မဟုတ်ဖူးနော် ~ သူက ပြီးခါနီးနေပြီ....သားအခု ချိန် မသွားရင် သားရဲ့မိတ်ကပ်ဆရာကို လက်မှာ မော်တာ တပ် ပြင်ခိုင်းမှ ရတော့မယ် " လို့ပြောလိုက်မှ"ဪ ဟုတ်သားပဲ ကျွန်တော် ဘာမှ မပြင်ရသေးဖူး ပဲ" တဲ့လေ ~
ယောက္ခမ ကြီးက တော့ ဖြစ်ရမယ် ဆိုတဲ့ အကြည့်နဲ့ကြည့်ကာ
သူကိုယ်တိုင် သားမက်ကို မိတ်ကပ်ပြင်ရမယ့် အခန်းထဲ တွန်းပို့လိုက်ရလေတယ် ~အကုန်လုံး ပြီးပြီ ဆိုတော့လည်း Suho ဆီ ဖုန်းဆက်ပြီး....
"Suho Hyung အခု ဘယ်မှာလဲ?"
"ငါ လား မင်းဆီလာနေတာ လမ်းမှာ "
"အဲ့ဒါဆို အတော်ပဲ လမ်းမှာ တွေ့တဲ့ ဆိုင်မှာ Strawberry Flavor candy သုံးခုဝယ်ခဲ့ မမေ့နဲ့နော် မြန်မြန်လေးလာ အရေးကြီးတယ်"
"ဪ အေးအေး~ ဒါနဲ့ မင်းက အခုမှ ချိုချဉ်ကို ဘာလုပ်ဖို့လဲ?"
"ဝယ်သာဝယ်ခဲ့ပါ အချိန်မရှိဖူး မြန်မြနိနော်~"
Suho ရောက်လာပြန်တော့လည်း ~ နှုတ်မဆက်နိုင်ပဲ ချိုချဉ် ကိုအရင်မေးတော့တယ် ~
ချိုချဉ် လက်ထဲ ရောက်လာတော့မှ သက်ပြင်းချနိုင်ပြီး ချက်ချင်းဖောက်စားတဲ့ Chanyeol ကိုကြည့်ပြီး Suho နားမလည်နိုင်တော့....