16+ ⬅⚠ Age Warning ပေးပါတယ်နော် 🙈
ဒါပေမယ့်လည်း ဖတ်ကြမှာပဲမလား :3🙄-------------
မနက်ခင်းကတည်းက iPad တစ်ခုနဲ့ အလုပ်များနေသည်မှာ
ကလေးနိုးလာရင် စားဖို့ဆိုပြီး မနက်စာ စီစဉ်နေရခြင်းကြောင့်.....။Apron တစ်ခုနဲ့ ထမင်းစားပွဲကို ကျောပေးပြီး iPad ထဲက
စားဖိုမှူးရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်လံချက်ပြုတ်ရင်း
မီးဖိုခန်းထဲ အလုပ်ရှုပ်နေရာမှ နောက်လှည့်ကြည့်လိုက်တော့
ဘယ်ကတည်းက ရောက်မနေမှန်း မသိတဲ့သူ့ကလေးလေး...။"အဟိ ~ ကျွန်တော့် ယောက်ျားဒီလောက် ကြည့်ကောင်းမှန်း
ခုမှသိတယ်..."စားပွဲခုံပေါ်လက်ထောက်ပြီး ရွှင်ရွှင်ပြုံးပြုံး ပြောနေပုံလေးကို
မြင်ရတော့ ပြန်နေတဲ့ ဇောချွေးတွေတောင် အငွေ့ပျံသွားသလို...။"Bae ရတော့မယ်နော် ခဏပဲစောင့်"
ကလေးပြောလာတဲ့ ချီးကျူးစကားကို အပြုံးနဲ့ပြန်တုန့်ပြန်ရင်း
စကားပြန်မိတော့"ဒီနေ့ မဂ္ဂဇင်းတိုက်မှာ အလုပ်မရှိဘူးလား Yeol" ဆိုပြီး
မေးခွန်းပြန်ထုတ်လေရဲ့...။"အင်း... မနေ့ကမှ February issue ပြီးသွားလို့
ဒီနေ့ အလုပ်နည်းနည်း ပါးသေးတာရော ကလေးနဲ့နေချင်တာရောကြောင့် ခွင့်ယူလိုက်တာ..""အာ အလုပ်များသူကြီးက Bae ကြောင့် ခွင့်ယူတယ်ဆိုတော့
ဘဝင်မြင့်လို့ရတယ်မလား?"ပန်းကန်နှစ်ချပ်ကို စားပွဲပေါ်မှာ ချလိုက်ရင်း ခေါင်းလေးကို
ခပ်ဖွဖွ ပွတ်သပ်ရင်းပဲ ကလေးရဲ့ ရွှတ်နောက်နောက် စကားကို
အသိအမှတ်ပြုလိုက်တယ်...။"Wah.....Suran "
ကျွန်တော် ပြုလုပ်ပေးထားတဲ့ မနက်စာရဲ့အမျိုးအမည်ကို
မျက်လုံးအဝိုင်းသားနဲ့ တအံ့တသြ ရွတ်ဆိုပေးလာသူ
လေးကို ကြည့်နေရင်းနဲ့ပဲ ဗိုက်ပြည့်လာသလို...။