"အဲ့ဒါ အဲ့ကောင်ကြီး ကိုမတိုက်နိုင်လို့ပါဆို"
"အာ~အဲ့ဒါက လွယ်ပါတယ် ပေးကူဆော့ပေးမယ်"
လမ်းတစ်လျှောက်လုံးလည်း
ကျွန်တော့်ကို နည်းနည်းမှ ဂရုမစိုက်ဘဲ
Sehun နဲ့ဂိမ်းဆော့နေတာ ကမ္ဘာကြီးမှာ
သူရယ် ဂိမ်းရယ် Sehun ရယ်ပဲ ကျန်တော့တယ်
ထင်သလားမသိ....။"Baekhyun ~ကလေးရေ ဗိုက်မဆာဘူးလား"
"အာ~အဲ့နားကိုမသွားနဲ့ ရှုံးလိမ့်မယ် Sehunnie ရဲ့"
ကဲ...ကြည့်~ဒီလောက်ထိပါဆို။
"Bae ရေဗိုက်မဆာဘူးလားလို့"
"ဟုတ်တယ် ဟုတ်တယ် အဲ့ Power သုံး!"
"Park Baekhyun"
နာမည်အပြည့်အစုံကို လေသံအောင့်အောင့်နှင့်ခေါ်သောအခါမှ
ခေါင်းက ရှေ့မှာရှိနေသော ကျွန်တော့ဆီကို
လှမ်းကြည့်လာပြီး...."ဪ~Yeol ah အခုတော့မဆာသေးဘူး...
ဘာဖြစ်နေတာတုန်း အဲ့နှုတ်ခမ်းကြီးကို ဘာကိစ္စထော်ထားတာလဲ
မဟုတ်မှလွဲရော စိတ်ဆိုးသွားတာလား?!စိတ်ဆိုးလည်းခဏစောင့်ဦးနော် ဒီဂိမ်းပြီးမှ ချော့မယ်"စိတ်ဆိုးတာတောင် သူ့ခဏစောင့်ရဦးမတဲ့လေ....။
ဒီအခိုက်အတန့်မှာ ဂိမ်းသာဖြစ်လိုက်ချင်တော့တယ်...။
ဘာတဲ့ Mobile Legend ဆိုလား!
အဲ့ဂိမ်းတီထွင်သူကိုပဲ မသေမချင်းရိုက်သတ်ချင်စိတ်ပေါက်တော့တာပဲ။"ကဲ Airport ကိုရောက်ပြီ
Sehun ရော ကလေးရော အဲ့ဖုန်းကိုချလိုက်တော့
အထုတ်အပိုးတွေချရဦးမယ် လေယာဉ်မထွက်ခင်လည်း
တစ်ခုခုဝင်စားဦးမှာမို့ အဲ့ဖုန်းနှစ်လုံးလုံးကို ချလိုက်ကြတော့"နည်းနည်းလေး အမိန့်ဆန်ဆန် ပြောလိုက်ပေမယ့်
ဖုန်းကိုမျက်လုံးနဲ့မခွာသေးပဲ"ခဏလေးပဲ Yeol ခဏပဲ!Victory ဆိုတဲ့အသံလေး ကြားရတော့မှာ ခဏပဲနော်"
"တော်ပြီ ကလေး~Victory ပဲဖြစ်ဖြစ် Victoria ပဲဖြစ်ဖြစ်
အခုသွားမယ် ချတော့~
Driver Lee ရော စားပြီးမှသာ အိမ်ပြန်လိုက်တော့!"