Sweetness [17]

4K 340 21
                                    

နဖူးမှာ ဝဲကျ​နေတဲ့ ဆံစ​လေးကို သပ်​တင်​​ပေးလိုက်​ရင်း...
နဖူး​ပေါ် အနမ်းနုနု​ခြွေ​တော့..
အိမ်​မက်​ကမ္ဘာထဲ အလည်​​ရောက်​​နေရှာတဲ့ က​လေးငယ်​ငယ်​ဟာ
တစ်​ချက်​တွန့်​ခနဲဖြစ်​သွားပြီး
နှုတ်​ခမ်း ပါး​လေးက ပွစိပွစိနဲ့ ဆူထွက်​လာ​လေရဲ့...။

"Huk...အူ​တွေယားလို့ မျိုချပြီး ဗိုက်​ထဲမှာပဲ သိမ်းထားချင်​​တော့တယ်​"

ပြောရင်းဆိုရင်း ​ဖောင်း​ဖောင်း​လေးဖြစ်​​နေတဲ့ ပါး​လေးကို
ရွှတ်​ခနဲ အသံမြည်​​အောင်​ နမ်းလိုက်​​တော့
ဘေးက ဖြတ်​​လျှောက်​သွားတဲ့ ​လေယာဉ်​မယ်​ က​တောင်
ရှက်​ပြုံး​လေး ပြုံးပြသွား​လေရဲ့...။

Park Sehun ​လေးကလည်း
ဂိမ်း​ဆော့​နေရင်း မျက်​​စောင်းကြီးထိုးပြီး
ဂြိုလ်​လာ​ကျွေး​နေ​လေရဲ့....။

အချစ်​နဲ့​တွေ့ရင်​ ကြိုက်​မရှက်​ ငိုက်​မရှက်​ပါလား​လေ....။

နာရီကိုကြည့်​​တော့ ​လေယာဉ်​ဆိုက်​ဖို့အချိန်​လို​သေးတာ​ကြောင့်
Sehun ကိုလည်း အိပ်​ဖို့​ပြောပြီး...
က​လေးရဲ့အိမ်​မက်​ထဲ လိုက်​သွားဖို့ ကျွန်​​တော်​လည်း
အိပ်​စက်​ခြင်းဆီသို့....။

---------SWN----------

"Yeol အဲ့အ​ပေါ်အင်္ကျီကိုချွတ်​~"

လေယာဉ်​ဆိုက်​ခါနီး​မှ ကျွန်​​တော့အ​ပေါ်အင်္ကျီကို
ဇွတ်​အတင်းချွတ်​ခိုင်း​နေတဲ့ က​လေး...။

"က​လေးက ဒီအင်္ကျီကိုဘာလုပ်​ဖို့လဲ
အကြီးကြီးပဲကို"

"​ပေးပါဆို ဝတ်​ချင်​လို့ပါဆို ​ချွတ်​မှာလား
မချွတ်​ဘူးလား ​ပြော"

ပြော​ပြောဆိုဆို စူထွက်​လာ​သော နှုတ်​ခမ်းပါး​လေးကို
ဘယ်​လိုအစွမ်းနဲ့ ​တောင့်​ခံရအံ့နည်း...။

"ဟိ~​ဝတ်​ရတာ ​ကောင်းလိုက်​တာ ​နေဦး​နေဦး
မျက်​မှန်​​လေးပါ တပ်​ဦးမယ်
Sehun ah~အဲ့အ​ပေါ်က အိတ်​​လေးထဲ မျက်​မှန်​​လေး
တစ်​ချက်​ထယူ​ပေးပါ​နော်​"

ဒါမျိုးကျ Park Sehun တို့က ပြုံးရွှင်​ပြီး
ထယူ​ပေးတာများ!ကျွန်​​တော်​သာခိုင်းကြည့်
Hyung မှာလည်း​ခြေ​ထောက်​ပါတာပဲ ဆိုတာမျိုးလာမှာ..။
အေ့​လေ!ဘာပဲဖြစ်​ဖြစ်​ ကျွန်​​တော့က​လေးက လူချစ်​ခံရတာပဲ
တော်​ပြီ​ပေါ့...။

Sweetness 🍭||Completed||Where stories live. Discover now