Sweetness [19]

3.9K 323 17
                                    

"Annyeonghaseyo~SBS ရုပ်​သံလိုင်းက​​နေ
လစဉ်​တင်​ဆက်​နေကြအစီအစဉ်​တစ်​ခုဖြစ်​တဲ့
Successful Businessmen Of Korea
အစီအစဉ်​ပဲဖြစ်​ပါတယ်​~ ကဲ ကျွန်​​တော်​တို့ထပ်​​တွေ့ကြပြန်​ပြီ​နော်​!
ဒီတစ်​လ​အတွက်​ အထူးဧည့်​သည်​​တော်​က​တော့
အားလုံးသိနင့်​ပြီးသားဖြစ်​တဲ့ Elle Magazine ရဲ့
CEO Park Chanyeol ပဲဖြစ်​ပါတယ်​....
ခဏ​နေအချိန်​အတွင်း​မှာ ကျွန်​​တော်​တို့ရဲ့ အထူးဧည့်​သည်​​တော်​ကြီးနဲ့
တူတူ  ဒီစင်​မြင့်​​ပေါ်မှာ ​ပြန်​ဆုံမယ်​​နော်​....!"

MC Yoo Jae Suk ရဲ့ ​ပီပြင်​လှတဲ့
ကြေငြာသံ​တွေကို နား​နေခန်းက​နေ အတိုင်းသားကြား​နေရ​တော့
BHyunee အတွက်​ စိုးရိမ်​မှု​တွေကပိုလာတယ်​...
ခဏ​နေပဲစင်​​ပေါ်တက်​ရမှာမို့ သူအဆင်​မ​ပြေဖြစ်​မှာကို
တော်​​တော်​ စိတ်​ပူ​နေမိတာ...။

ကျွန်​​တော့်​အတွက်​က စင်​မြင့်​တို့Camera တို့ဆိုတာ
ငယ်​​ပေါင်းကြီး​ဖော်​သူငယ်​ချင်း​တွေလိုဖြစ်​​နေ​ပေမယ့်
သူ့အတွက်​ကအခုထိ အစိမ်းသက်​သက်​အ​နေအထား...။

သိသိသာသာ တုန်​ယင်​​နေတဲ့
သွယ်​ယှက်​ထားတဲ့လက်​ဖဝါးနုနု​လေး နှစ်​ဖက်​က
သူ့ရဲ့စိတ်​လှုပ်​ရှားမှုကိုထင်​ဟပ်​​နေ​စေတယ်​...။

"Hyun အဆင်​မ​ပြေရင်​ အခုပဲဖြစ်​ဖြစ်​ ကိုယ်​တစ်​​ယောက်​ထဲပဲ
တင်​ဆက်​လို့ရတယ်​​.."

ဘာရယ်​မဟုတ်​ လက်​သူကြွယ်​ထက်​က
လက်​ထပ်​လက်​စွပ်​ကိုပဲ ကြည့်​​နေတဲ့
မျက်​ဝန်းတစ်​စုံက ထိုစကား​ကြောင့်
ကျွန်​​တော့်​ဆီကို​ရောက်​လာတယ်​...။

"Yeol ah...သူတို့က နှစ်​​ယောက်​လုံးကို
Interview ပါရ​စေဆိုပြီးခွင့်​​တောင်းထားတာ​လေ...
ပြီး​တော့ ဒါက သာမန်​အစီအစဉ်​လည်းမဟုတ်​ဘူး...
တစ်​ခြားသူ​တွေ ကျွန်​​တော်​တို့ကြားကဆက်​ဆံ​ရေးကို တစ်​မျိုးမြင်​မှာ..ကျွန်​​တော့်​​ကြောင့်​ Yeol တစ်​ခုခု အ​ပြောခံရလိုက်​ရမှာမျိုး
နည်းနည်းမှ မလိုလားဘူးဆိုတာသိသားနဲ့........
ကျွန်​တော့်​ကို လုံးဝစိတ်​မပူလို့ဖြစ်​ပါတယ်​"

ချစ်​ရသူရဲ့စကား​ကြောင့်​ ပါးပြင်​ထက်​မှာ
အပြုံးတစ်​ပွင့်​ ချိတ်​ဆွဲမိလျက်​သားဖြစ်​သွားပြီး
သူ့နဖူးပြင်​ထက်​ မြတ်​မြတ်​နိးနိုး အနမ်းတစ်​ပွင့်​​ခြွေမိတယ်​...။

Sweetness 🍭||Completed||Where stories live. Discover now