"Yeol ah...ထတော့"
"Argushi ထတော့ဆိုကွာ "
"Mr.Park ထတော့လို့ဆို ဟင့် :"( "
ညက ကလေးကို ချော့သိပ်ပြီးတာနဲ့
မပြီးပြတ်နိုင်တဲ့အလုပ်တာဝန်တွေကို
လုပ်လိုက်ရတာ မနက် ၃ နာခွဲမှ အိပ်ရာဝင်ရတယ်။
အခုမနက်အစောကြီး နှိုးသံ ကြားတော့
မျက်လုံးကို မရ ရ အောင် ပြူးပြဲပြီး ငုတ်တုတ်ထထိုင်လိုက်ရတယ်။
တော်ကြာ ကုန်းကိုက်နေရင် အခက်သား~
ညကမှ လောလောလတ်လတ် သတိပေးခံထားရတာ။"စိတ်တိုလာရင် ကုန်းကိုက်တတ်တဲ့အကျင့်ရှိတာမို့ သတိထားပါ "
တဲ့လေ။မျက်လုံးကို ရအောင်ဖွင့်ပြီး ကြည့်တော့ ပထမဆုံးမြင်လိုက်ရတာက
သွားတွေကို လေညှင်းခံထွက်ခိုင်းထားတဲ့ သူ့ကလေးလေးရဲ့ မျက်နှာ။"အစောကြီးကို ဘာလုပ်ဖို့လဲ ကလေး"
ခေါင်းပေါ်ကဆံစလေးတွေကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း သူဆိုတော့
"မစောတော့ပါဘူး Argushi ရယ် ~
ကျွန်တော် အစောကြီးထအပင်ပန်းခံပြီး ဖတ်ထားရကျိုးနပ်အောင်
ရေချိုးခန်းထဲ လိုက်ခဲ့ ~"နားမလည်နိုင်တဲ့စကားတွေပြောပြီး ရေချိုးခန်းဘက်
် ဦးတည်လျှောက်သွားသော ကလေးနောက် လိုက်မလို့ ထလိုက်ကာမှ"နေဦး အခေါ်အဝေါ်ကအစ ပြင်ရမယ် ကျွန့်တော့်ကို
ကလေးလို့မခေါ်နဲ့ အရမ်းအူယားလာတဲ့အချိန်မှခေါ်
အဲ့နာမည်ပြောင်လေးက အရမ်းချစ်ဖို့ကောငိးလွန်းလို့
အမြဲမခေါ်စေချင်ဘူး "တစ်ကယ်ပါ သူပြောတာတွေကို တစ်ခွန်းမှ နားမလည်တော့တာ >.<
အခုလည်း Nickname ပြောင်းခေါ်ပါတဲ့လေ။
ဘာတွေစတန့်ထွင်ချင်နေတယ်မသိ။"အဲ့ဒါဆို ဘယ်လိုခေါ်ရမလဲ ကိုယ့်ကလေးပြောကြည့်..."
မေးစေ့လေးကိုပွတ်သပ်စဉ်းစားနေဟန်ပြုပြီးမှ