လေယာဉ်အကြာကြီး စီးခဲ့ရလို့ ပင်ပန်းပြီး
အိပ်ယာပေါ်လဲကာ မျက်လုံးနှစ်ဖက်ပိတ်လိုက်ယုံရှိသေး ဖုန်းကဝင်လာသည်~လူကြီးက ပြန်ရောက်ရောက်ချင်း Company ကိုသွားလိုက်တာ
ဆိုတော့ သူ့ဆီကများလား ဆိုတဲ့အတွေးနဲ့ လက်ကို မနည်းအားယူပြီး
ကုတင်ဘေးက စားပွဲခုံပေါ်က ဖုန်းကိုလှမ်းဆွဲ Answer Key ကို
နှိပ်ပြီး နားမှာကပ်,ကပ်ချင်း ကြားလိုက်ရတဲ့ တစ်ဖက်က အသံကြောင့် အိပ်ချင်နေတဲ့ စိတ်အစဉ်ဟာ ဘယ်ဆီကိုလွင့်သွားသလဲ မသိတော့...။"B.Baek Hyung... Hyung က Seme မလား? Seme ဖြစ်ခဲ့တယ်မလား? သေချာပါတယ် ဟုတ်တယ်မလား?" တဲ့လေ....။
ကဲကြည့် ဘယ်လောက်စိတ်တို စရာကောင်းလိုက်သလဲ? ခုမှ အိမ်က
အိပ်ယာပေါ်ရောက်တာလေ -_- ဒါ ဟိုအငယ်ကောင် Tao
ဖုန်းကိုကြည့်စရာမလိုပါပဲ သိသည်။ ကျွန်တော့်ကို B.Baek hyung
လို့ခေါ်တာ သူတစ်ယောက်တည်း ရှိသည်လေ...။"ငါခုမှ အိပ်ယာပေါ်ခေါင်းချယုံရှိသေး..."
စကားကိုပင်ဆုံးအောင်ပြောခွင့်မပေး..။
"B.Baek Hyung လို့...ကျွန်တော်မေးတာအရင်ဖြေပါဆို ခေါင်းကပြီးမှ ပြန်ချ T.T ဒါကအခုချိန်မှာ အရာအားလုံးထက်အရေးကြီးတာ
ကျွန်တော်မေးတဲ့ကိစ္စ"စကားသံအဆုံး ဖုန်းထဲက ကြားလိုက်ရတာက ဟိုကောင် Kim JongIn ရဲ့ရယ်သံကြီး...။ သေချာပါတယ် ဒါအလောင်းအစားလုပ်ထားကြတာပဲ...ဒါမျိုးတွေက Byun Baekhyun ကစခဲ့တာတွေပဲ အခုတော့ ကိုယ့်ရှူးကိုပြန်ပတ်ရော >< ဘယ်နှယ့်လောင်းစရာမရှိ သူများလင်လင် နှစ်ယောက်ရဲ့ Position ကို လောင်းရတယ်လို့...
"Yrrrr မင်းတို့အဲ့လောက်အားနေလည်း ဂိမ်းဆိုင်သွားကြ ငါလေယာဉ်စီးလာတာ စက်ဘီးမဟုတ်ဘူး။ကိုယ်ချင်းမစာမနာ သူများအိပ်မလို့လုပ်နေတာ ခရီးပန်းလာခဲ့တာ ~ 14 နာရီကျော်ကြာအောင် လေယာဉ်စီးလာခဲ့တာမို့ လူသားချင်းစာနာထောက်ထားမှုလေးနဲ့ ကိုယ်ချင်းစာစိတ်လေးတွေ သွင်းပြီး ငါ့ကို အိပ်ခွင့်ပြုပါ ><"