Annyeong ..ကျွန်တော့် နာမည် Baekhyun ပါ
Baek Baek လေးကလေ တစ်ဦးတည်းသော သားလေး..
အဲ့တော့ အားလုံးရဲ့ အလိုလိုက်ခံထားရတဲ့ အားလုံးရဲ့ အချစ်တွေရထားတဲ့ချစ်စရာကောင်လေး တစ်ယောက်ဆိုလည်းမမှားဘူး !Baek Baek လေးက အသက်က ၂၀ ရှိပြီပေမယ့်
Baek Baek လေးကို အသက်၂၀ ဆိုတာ ဘယ်သူ့ပြောပြော မယုံကြဖူးဗျာ...အလွန်ဆုံးရှိ ၁၈ ပေါ့တဲ့ Baek Baek လေးကလည်း အသက် ၂၀ ဆိုတဲ့အရွယ်နဲ့မှ မလိုက်အောင်အလွန်တရာမှ ချစ်ဖို့ကောင်းနေတာကိုး ....
အဲ့ဒါကလည်း Baek Baek လေးရဲ့ ပြင်မရတဲ့ မွေးရာပါ အားနည်းချက်လေ .. Baek Baek လေးရဲ့ဘဝက အလွန်မတရာမှ သာယာခဲ့တာပါ ...Park Chanyeol ဆိုတဲ့ လူကြီး ဝင်မလာခင် အထိပေါ့.... ဘယ်က လူကြီးမှန်းမသိတဲ့ အရပ်ကလန့်ကလား
နားကားကားနဲ့ ဂြိုလ်သားကြီးကို ဒီလို ချစ်ဖို့ကောင်းလှတဲ့ နတ်သားပေါက်စ နုနုထွတ်ထွတ်လေးနဲ့ ပေးစားဖို့ စီစဉ်နေတယ်တဲ့လေကြားလို့မှ ကောင်းသေးရဲ့လားလေ .. ကစားလို့ စားလို့ ဗိုလ်ကျလို့မှ အားမရသေးတဲ့အရွယ်မှာ ယောက်ျားပေးစားမယ်တဲ့လေ ...
Baek Baek လေးက သားလိမ္မာလေးဆိုတော့ မိဘတွေစီစဥိတာ
ဘယ်ငြင်းဆန်နိုင်ပါ့မလဲလေ...ဒီလိုမငြင်းဆန်တာကလည်း မိဘစကားနားထောငိတဲ့ Baek Baek လေးဆိုတဲ့ဂုဏ်ပုဒ်ကိုဆက်လက်ထိန်းသိမ်းလိုတဲ့ သဘောနဲ့ပါလေ...ဟိုဂြိုလ်သားကြီးကြောင့်မဟုတ်ဖူးဆိုတာ ယုံကြတယ်မလား?အဲ့ဒါနဲ့ပေါ့လေ...
"သဘောတူပါတယ်" ဆိုပြီး ခေါင်းငြိမ့်လိုက်တဲ့အချိန်မှာ ဟိုဂြိုလ်သားဖြစ်သွားတဲ့ရုပ်ကြီးကလေ ကားနေတဲ့ နားရွက်ကနေ ကိုင်ဆွဲပီး ငရုတ်ကျည်ပွေ့ထဲ ထည့်ထောင်းချငိစရာကြီးပါရယ် T.T
တစ်သက်နဲ့တစ်ကိုယ် ငါးခူပြုံးဆိုတာကို အဲ့ဂြိုလ်သားနဲ့ မှ ပထမဆုံးမြင်ဖူးတာပါ....စဉ်းစားကြည့်လေ Baek Baek လေးနစ်နာလေပါပဲ 😢Baek Baek လေးလို အလွန်မတရာမှ ချစ်ဖို့ကောင်းပြီး ရီနေတဲ့အချိန်ပဲဖြစ်ဖြစ် ကစားနေတဲ့အချိန်ပဲ ဖြစ်ဖြစ်....စားနေတဲ့အချိန်ပဲ ဖြစ်ဖြစ် ယုတ်စွအဆုံး ငိုနေရင်တောငိ ချစ်ဖို့ကောင်းတဲ့ နတ်သားလေး ပူတူတူလေးက အဲ့လို လောရှည်နားကားနဲ့ လက်ထပ်ရမယ်တဲ့လေ....
ဘယ်လောက်များ မခံချင်စရာကောင်းလိုက်သလဲ?သူများသားသမီးကို ချက်ချငိးလာတောင်းပြီး မင်္ဂလာရက်ပါ
သတ်မှတ်သွားလိုက်သေး November 11 ရက်နေ့တဲ့လေ
November 11???? အခုကို November 1 ရက်ရှိပြီလေ
ဂါး......လူကသာ လူကြီးလူကောင်း ပုံစံနဲ့ ဘာတဲ့အလုပ်အကိုင်က နာမည်ကျော် Magazine တိုက်ပိုင်ရှင်တဲ့.... ဒီလို နှာဘူးတဲ့ Magazine တိုက်ပိုင်ရှင် မျိုးလည်းရှိသေးတာလား?သူများသားသမီးကို ၁၁ ရက်အတွင်း
လက်ထပ်မယ်တဲ့လေ T.T မိဘချငိးအရမ်းရင်းနှီးတယ်ဆိုလား
Baek Baek လေးကတော့ ခုမှ မြင်ဖူးတာပါ
Baek Baek လေးက အိမ်ထဲကအိမ်ပြင်မထွက်တဲ့ သားလိမ္မာလေးကိုး.....ဘယ်မြင်ဖူးပါ့မလဲဘာပဲဖစ်ဖစ် သူကတိပေးသွားတဲ့ စကားတစ်ခွန်းကိုတော့ ကြားဖြစ်အောင် ကြားလိုက်ပါတယ် "ကလေးကို အလိုလိုက်ပြီး ပျော်အောင်ထားပါ့မယ်တဲ့ "
ဟင်းဟင်း ကတိတည်ရင် တည်ပေါ့လေ မတည်ရင်တော့......သေချာပြန်စဉ်းစားကြည့်တော့မှ သူခေါ်သွားတာ ဘာတဲ့ "ကလေး"တဲ့ ဘယ်သူက ခေါ်ခွင့်ပေးတာ ကျနေတာပဲ Baek Baek လေးရဲ့ ကစားလို့ကောင်းနေသေးတဲ့အရွယ်ကို လုယူသွားတဲ့ အဲ့ဒီ
ဂြိုလ်သားကြီးကို ကောင်းကောင်းကို ပညာပေးပြစ်ဦးမယ် ...---------TBC..... ------------