ရိုက်ကူးရေးက နေ့လည်ထမင်းစားချိန်ကျော်မှ ပြီးသည်။
ထိုအခါမှ သက်ပြင်းချနိုင်ပေ၏..။
ကလေးတစ်ယောက် ပင်ပန်းနေတော့မှာ....ရိုက်ကူးရေးအဖွဲ့သားများနှင့် အချင်းချင်းအပြန်အလှန်
်နှုတ်ဆက်စကား၊ ကျေးဇူးတင်စကားဆိုရင်း
အကြိမ်ကြိမ်အခါခါ လောကွတ်ချော်နေကြသော
ထမင်းတူတူစားမည့်အကြောင်းကို တတ်နိုင်သလောက်
အယဉ်ကျေးဆုံးငြင်းလိုက်သည်..။ဒီနေ့သူ့ကလေးနဲ့ အချိန်တွေတူတူကုန်ဆုံးမလို့ပါဆိုမှ...
ဘယ်သူ့ကိုမှ ဘာအကြောင်းနဲ့မှ ဖဲ့မပေးနိုင်ပါလေ...။BHyun ကို ကားထဲအရင်ဝင်ထိုင်ခိုင်းထားနှင့်လိုက်ပြီး
ရိုက်ကူးရေးအဖွဲ့သားများကို နောက်ဆုံးအကြိမ်
သေသေချာချာနှုတ်ဆက်ပြီး ကားရှိရာသွားဖို့ပြင်တော့
သူ့နာမည်ကိုအော်ခေါ်သံကြားလိုက်ရသည်။
လှည့်ကြည့်တော့ Cameraman..."အင်း...ကျွန်တော်ခုလိုပြောတဲ့စကားကလေ
Personal ပိုင်းရောက်သွားမယ်ဆိုပေမယ့်
Chanyeol သိထားသင့်တယ်ထင်တာမို့ပါ...""ရပါတယ်!ပြောသာပြောပါ"
အတတ်နိုင်ဆုံးချိုသာစွာပြုံးပြရင်း ပြဲပန်ဖြေလိုက်တယ်။
"Interview အဖြေတွေအရ Chanyeol
Baekhyun အပေါ်ဘယ်လောက်ခံစားချက်ရှိလဲအရမ်းသိသာပါတယ်....ကျွန်တော်တောင် ကျွန်တော့်ကောင်မလေးကို
အဲ့လောက်မချစ်တတ်ဘူး...ဒါပေမယ့်လေ ကျွန်တော့်ရဲ့
ဘေးအမြင်အရ...Baekhyun အချစ်က ပိုမယ်ထင်တယ်။
ကျွန်တော်က Cameraman တစ်ယောက်ဆိုတော့
အားလုံးရဲ့ မျက်နှာကိုအတိုင်းသား
မြင်နေရတယ်လေ...Baekhyun Chanyeol ကို
ကြည့်တဲ့အကြည့်တွေကလေ...ကျွန်တော်တောင်အံ့သြရတဲ့အထိ
ချစ်ခြင်းတွေ ...အင်းမဟုတ်ဘူး မြတ်နိုးခြင်းတွေအပြည့်ပဲ...
သူ့ပုံစံကမပွင့်မလင်းပုံလေးပေါက်ပေမယ့်...
သူ့အကြည့်တွေကိုသေချာကြည့်ရင်
Chanyeol ကိုဘယ်လောက်မြတ်နိုးလဲ သိနိုင်ပါတယ်!"