Mafia ချစ်သူ
Baekhyun ကောင်းကောင်းမှတ်မိနေသေးသည် .မိုးတွေ အရမ်းရွာနေသည့်.တစ်နေ့ ...သူ့နောက် အမြဲ လိုက်နေသည့် bodyguard တွေကိုသူ အရမ်းစိတ်ကုန်နေသည် ... ဘယ်သွားသွား သူတို့က လိုက်လာနေသည့်အတွက် အလွန်အမင်း စိတ်ရှုပ်ရသည် ..ဒါကြောင့် အဲ့ည မှာသူတို့မသိအောင် အိမ်က ခိုးထွက်ခဲ့၍ ညနက်သည့် အထိ လည်ခဲ့ပြီး ...အိမ်ပြန်မယ်လုပ်တော့ ..အမြဲ အိမ်မှာ နေတတ်သည့်သူ့အတွက် ဒီလိုညနက် အချိန်မှာ ...အိမ်ပြန်လမ်းကို မမှတ် မိပဲ လမ်းမှားသွားတာကြောင့် ... ဒုက္ခရောက်နေမိသည်...အဲ့ဒီည ဟာ သူအတွက် ကံမကောင်းသည့်ည ဖြစ်ခဲ့သလို ကောင်းသည့်ည လို့လဲ ပြောနိုင်သည်လေ
. ......မိုးရေထဲ၌Baekhyun တစ်ယောက်တည်း ... မှောင်မဲ နေသည့် လူပျက်တဲ့ လမ်းကြားတစ်ခုမှာ... taxi တစ်စီးလောက်မျှ တွေ့မလား ဟူသည့် မျှော် လင့်ချက်ဖြင့်... လျှောက်လာပေမဲ့... taxi တစ်စီးမျှ မတွေ့ရ သဖြင့်.. ကြောက်စိတ် အနည်းငယ် ဝင်လာမိတာ အမှန်ပင်....
တခဏ နေတော့... သူရှိရာဘက်ကို ပြေးလာသည့် ခြေသံ တစ်ခု.. မဟုတ်သေးဘူး... အဲ့ခြေသံရဲ့ နောက်က လိုက်လာတယ်လို့ ထင်ရတဲ့ လူတစ်စုရဲ့ ဟော်ဟစ် နေတဲ့ အသံ နှင့် အတူ... သူ့အနားကို တဖြေးဖြေး ရောက်လာသည့် အသံတို့ကြောင့်... ကြောက်စိတ် က တစတစ ပိုတိုးလာတော့သည်....
Baek ' ah.... လွှတ်...ခများ.. ဘယ်သူလဲ.. လွှတ်
Baek တွေးနေတုန်းမှာပဲ... သူ့အနားကိုရောက်လာပြီး... သူ့လက်ကို စောင့်ဆွဲပြီး... ခေါ်လာသည့် ထိုလူကြောင့်... baek ထိုလူ၏လက်ထဲက ရုန်းနေမိသည်
Boy ' shuuu စကားများမနေနဲ့... မင်းမသေချင်ရင် ငါနဲ့လိုက်ခဲ့ မြန်မြန် အချိန်မရှိဘူး
Baek' ငါက ဘာလို့ မင်းကို ယုံ ရမှာလဲ ...ဝေသေး
Boy ' ဟာ...နောက်ကနေ လိုက်လာနေပြီ မြန်မြန်... မင်း ဒီမာရှိနေရင်...မင်း အန္တရာယ်ရှိနိုင်တယ်
Baek' ငါနဲ့ ဘာဆိုင်လို့ တုန်း...မင်းကို လိုက်လာတာလေ... ငါကိုမှမဟုတ်တာ
YOU ARE READING
Mafia ချစ်သူ
Fanfictionဟောင်ကောင်မြို့ကြီးက ... အာဏာအကြီးမားဆုံး .... Mafia ခေါင်းဆောင်တွေ ထဲက ... တယောက်ဖြစ်သည့် " Park Chanyeol ..." တစ်နေ့တွင်တော့ ... အာဏာကြီးMafia ခေါင်းဆောင် နှစ်ခု ဖြစ်သည့် Park မျိုးရိုးနှင့် Byun မျိုးရိုး ကို ပူးပေါင်းဖ...