✴Mafia ချစ်သူ ✴
✴💜✴💜✴💜✴💜✴💜
အဝေးပြေးလမ်းမထက်မှ အမည်းရောင် ပြောင်လတ်နေသည့် ကားတစ်စီးသည်..မြို့ကြီးရဲ့ ရှုပ်ရှက်မှုတွေကင်းရှင်းပြီး အေးချမ်းသည့် ..မြို့ပြင်ဖက်ကို .ဦးတည်၍ရွှေ့လျားလာနေသည်။..တစ်နေရာရောက်တော့.. လမ်းမ ကြီးရဲ့ဘေးမှ.. လမ်းအသေးလေးတစ်ခုထဲသို့ ကွေ့ဝင်သွားပြီး.. လမ်းမကြီးနှင့် တစ်ကီလို အဝေးရှိ နှစ်ထပ်တိုက်အိမ် လေးတစ်ခုနှင့် ပတ်ပတ်လည် က သစ်ပင်များစွာ ရှိသည့် အပန်းဖြေ အိမ်ဟောင်းလေးတစ်ခုသို့ရောက်လာခဲ့သည်။
ကားပေါ်က ဆင်းလာသည့်.. အရပ်ရှည်ရှည် ရုပ်ရည် သန့်သန့်နှင့် ကောင်လေးဟာ မိမိ ပထမအခေါက်အဖြစ် ရောက်ရှိလာသည့်.. ဤနေရာကို စိတ်မချစွာ ဘေးကိုစူးစမ်းကြည့်နေသည်။
မကြာလိုက် သူ့ကို ပြုံးရွှင်စွာနှင့် လာကြိုဆိုသည့် လူကြီးတစ်ယောက်...ထို့နောက် နှစ်ယောက်စလုံး..စကားပြောပြီး အိမ်ထဲသို့ဝင်သွားခဲ့၏။အိမ်ထဲသို့ ဝင်လာသည်နှင့် ဧည့်ခန်း စားပွဲပေါ်က.. အသင့်ပြင်ထားသည့် တန်ဖိုးကြီးဝိုင်တစ်ပုလင်းနှင့်.. ဖန်ခွက်လေးနှစ်ခွက်..ကောင်လေးက
ခွက်ထဲရှိ ဝိုင်အနည်းငယ်ကို သောက်လိုက်ပြီး.. သူတို့ ဒီလိုလာဆုံတွေ့စေသည့်အကြောင်းရင်းကို.စပြောလေသည်။Boy' ကျွန်တော် ခများကို အဖြေပြန်လာပေးတာ... ကောင်းကောင်းစဉ်းစားကြည့်တော့လဲ ဒါဟာ ဆုံးရှုံးစရာမှမရှိတာ.. ပြီးတော့ ကျွန်တော်တို့ နှစ်ဖက်စလုံး အတွက်အဆင်ပြေစေတယ်.. ဒါပေမဲ့ ကျွန်တော် မထင်ခဲ့ဘူး.. ခများဒီလိုလုပ်ရဲမယ်ဆိုတာကို....
ဧည့်သည်ကောင်လေးက.. အိမ်ရှင်လူကြီးကို.. သိပ်မယုံကြည်စွာကြည့်၍ပြောလိုက်သည်။
Man' ကျွန်တော် ပြောပြပြီးသားပဲ အကြောင်းရင်းကို..ကျွန်တော် ဘာကို လိုချင်လဲဆိုတာကို.. အဲ့လောက်လေးကို ကျွန်တော်က ဘာလို့မလုပ်ရဲရမှာလဲ...
ထိုလူကြီးကပြောပြီး လက်ထဲက ဝိုင်ခွက်ထဲက ဝိုင်တစ်ကျိုက်ကိုသောက်လိုက်သည်။
Boy'ဒါဆိုရင် ကျွန်တော်တို့ ဘယ်တော့ စ.ကြမှာလဲ?
Man' ကျွန်တော်ကြားရသလောက်တော့ သူမကြာခင် မင်္ဂလာ ဆောင်တော့မယ်လို့ကြားတယ်... လူတွေကိုယ့်ကိုယ်ကို သတိမထားမိတဲ့အချိန်က ပျော်ရွှင်စရာရှိတဲ့အချိန်ပဲ
![](https://img.wattpad.com/cover/108477702-288-k488435.jpg)
VOCÊ ESTÁ LENDO
Mafia ချစ်သူ
Fanficဟောင်ကောင်မြို့ကြီးက ... အာဏာအကြီးမားဆုံး .... Mafia ခေါင်းဆောင်တွေ ထဲက ... တယောက်ဖြစ်သည့် " Park Chanyeol ..." တစ်နေ့တွင်တော့ ... အာဏာကြီးMafia ခေါင်းဆောင် နှစ်ခု ဖြစ်သည့် Park မျိုးရိုးနှင့် Byun မျိုးရိုး ကို ပူးပေါင်းဖ...