🔫Mafia ချစ်သူ 🔫
ကျယ်ပြန့်လှသည့် အလုပ်ခန်းထဲမှ စာအုပ်စာပေ မြောက်များစွာ ရှိလေ၏။ အခန်းတွင်းမှာ စာရင်းတွေကို လုပ်ရင်း ညောင်းညာ လာသည့် ခန္ဓကိုယ်ကို သတ်သာစေဖို့ ကိုယ်ကို ဘယ်၊ညာလှည့်ကာ အကြောကို ပြေလျှော့နေသည့် Chanyeol...
ဒီနေ့ Chanyeol တစ်ယောက် Company ကိုမဝင်ဖြစ်တာကြောင့် စာရင်းတွေကို အိမ်ယူလာပေးဖို့ Chen ကို မာ.လိုက်ပြီး အိမ်မှာသာ အလုပ်လုပ်လိုက်သည်။
အကြောင်းကား နေ့ခင်းပိုင်းတွင် Baekhyun နှင့် ဝတ်စုံသွားကြည့်ဖို့ ရှိတာကြောင့် အချိန်ကုန်ခံပြီး သွားသွားလာလာ မလုပ်ချင်တာကြောင့် အိမ်ကိုပဲ အလုပ်သယ်ခဲ့သည်။ဒေါက်...ဒေါက်...
ရုတ်တရက် တံခါးခေါက်သံကြောင့် အနည်းငယ် အံ့သြသွားပေမဲ့. တည်ငြိမ် သည့် အကြည့်တို့က အသံလာရာ တံခါး ဘက်ကိုကြည့်လိုက်ကာ...ပုံမှန်ဆို မိမိ အခန်းကို chen ကလွှဲ၌ ဝင်ထွက်ခွင့် မရှိတာကြောင့်.chen သည်လဲ ကိစ္စမရှိလျှင် ဝင်လာလေ့ မရှိတာကြောင့် အံသြနေခြင်းပင်..
Yeol 'ဘယ်သူလဲ?
Chen' ကျွန်တော်ပါ...
တံခါးပြင်မှ ပြန်ဖြေလာသူကား မိမိ၏ လူယုံbodyguard ဖြစ်တာကြောင့် chanyeol စိတ်အေးစွာ သက်ပြင်းချလိုက်သည်...
Yeol 'ဝင်လာခဲ့...
Chanyeol ၏ ခွင့်ပြုသံအဆုံးတွင် အလုပ်ခန်းထဲသို့ ဝင်လာသူက Chen တစ်ယောက်ထဲမဟုတ်. Baekhyun ၏ လူယုံ Bodyguard One သည်လည်း အတူဝင်လာသည်။
Yeol 'ဘာကိစ္စလဲ?
Chanyeol ထိုင်နေရာမှ ထရပ်လိုက်ကာ အနောက်စင်ပေါ်က စာအုပ်တစ်အုပ်ကို ဆွဲယူရင်း တပည့်ဖြစ်သူတွေ ဝင်လာရသည့် အကြောင်းရင်းကို မေးလိုက်သည်။chen နှင့် one သည်လည်း မိမိတို့၏ ခေါင်းဆောင်ကြီး လှုပ်ရှာမှုကို လိုက်ကြည့် ရင်း ခေါင်းဆောင်ကြီး ဖြစ်သူထံသို့ လာရောက် တိုင်ပင်မည့် အကြောင်းကို ပြောပြလိုက်သည်။
Chen 'ခေါင်းဆောင်ကြီး ကို လုပ်ကြံ ခဲ့တဲ့ ကြေးစား အကြောင်းပါ....
Chen ပြောပြီးသက်ပြင်း အသာချက ဆက်ပြောပြန်သည် ။
Chen'ကျွန်တော်တို့ ဘက်က ဘာအကြောင်းမှ ရှာမရပါဘူး...သူတို့တွေက အဌားကြေးစား တွေပါ. ဘယ်မျိုးရိုး အုပ်စု ထဲက မဟုတ်ပါဘူး.လွတ်သွားတဲ့ လူတွေကလည်း ရှင်းပစ်ခံရပြီးတော့. ခြေရာခံဖို့ ဘာမှ မရှိပါဘူး...
![](https://img.wattpad.com/cover/108477702-288-k488435.jpg)
YOU ARE READING
Mafia ချစ်သူ
Fanfictionဟောင်ကောင်မြို့ကြီးက ... အာဏာအကြီးမားဆုံး .... Mafia ခေါင်းဆောင်တွေ ထဲက ... တယောက်ဖြစ်သည့် " Park Chanyeol ..." တစ်နေ့တွင်တော့ ... အာဏာကြီးMafia ခေါင်းဆောင် နှစ်ခု ဖြစ်သည့် Park မျိုးရိုးနှင့် Byun မျိုးရိုး ကို ပူးပေါင်းဖ...