Ep 16

2.9K 247 30
                                    

                    ✴Mafia ချစ်သူ ✴

Baek ' Baek နေရမဲ့ အခန့်ဘယ်အခန်းလဲ...

Arjima ' ဒီဘက်မှာပါ

Arjima တစ်ယောက်က.. baekhyun နေရမည့် အခန့်ဘက်ကို လက်ဖြင့်ပြလိုက်သည် ...

....................................

Baekhyun နေရမည့် အခန်းရောက်တော့...

Arjima ' ကြွပါ သခင်လေး.. ဒီအခန်းကို သခင်လေးအတွက်... ပြင်ပေးထားတာကြာပါပြီ...

Arjima ရဲ့ စကားကြောင့် Baekhyun မျက်မှောင်ကြုံ့လိုက်သည် ။ "သူ့အတွက် အခန်းပြင်ပေးထားတာ ကြာပြီ " ဆို့သည့် စကားကြောင့်.. ဘာသဘောလဲ လို့.. သိချင်နေပေမဲ့... အရေးမပါသည့်.. အတွေးတွေကို ဖျောက်ကာ.. မိမိနေရမည့် အခန်းကို စူးစမ်း ကြည့်လိုက်သည်။ အဖြူရောင် တံခါးကြီးကို တွန်းဖွင့်ကာ.. ဝင်လာတော့ အခန်းထဲတွင် ရှိနေသည့် ...ကုတင်ကြီးတစ်ခု... အိပ်ယာခင်းက မီးခိုးရောင် အပေါ်မှ အဖြူရောင်လေးတွေ ဖြင့်အလှဖော်ထားပြီး... ကုတင်ခြေရင်းမှာတော့.. ကျွန်းဗီရို တစ်ခုနှင့် LED Tv ကြီးက အခန်းနံရံပေါ်နှင့် တပ်ထားသည် ။
အမဲရောင် ဆိုဖာအရှည် တစ်ခု ရှိပြီး.. စာအုပ်စင် တစ်ခုလည်းရှိသည် ။ နောက်ထပ် တစ်ခုကတော့ Baekhyun အရမ်းနှစ်သက်သည့် ဝရံတာပင်... ညအိပ်ရင်... ဝရံတာ တံခါးကို ဖွင့်ပြီး သဘာဝ လေလေးတွေကို ရှူရှိုက်ကာ.. အိပ်တတ်သည့် Baekhyun အတွက်.. ဝံရံတာ ရှိသည့် အခန်းကို ကြိုက်သည် ။

Baekhyun ဝံရံတာ ရှိရာကို သွားကာ... လေကောင်းလေသန့် လေးကို ရှူရှိုက်ရင်း arjima ရှင်းပြတာတွေကို နားထောင်နေလိုက်သည် ။

Arjima ' လက်ယာဘက်.အခန်းထဲက ဗီရိုထဲမှာ. သခင်လေးအတွက် အဝတ်တွေ ထည့်ပေးပြီးသား ရှိပါတယ်.. အဲ့မှာ.. သန့်စင်ခန်းရယ် အဝတ်လည်းခန်းကို တစ်ခါတည်း လုပ်ပေးထားပါတယ်... ကျွန်မ ဒီအိမ်က အိမ်စေတွေရဲ့ ခေါင်းဆောင် ပါ... Tae arjima ကို အစက သခင်လေး ကို
ပြုစုဖို့လာမယ် ဆိုပေမဲ့.. Byun အိမ်တော်က ဘယ်သူမှ မရှိဘူးမလို့..ဟိုဘက်အိမ်ကိုပဲ.. နေခဲ့မယ်လို့ပြောပါတယ်...

Baek ' အတူတူ လာနေလို့တောင် မရဘူးပေါ့..

Baekhyun ဝမ်းနည်း သဖွယ်... တစ်ကိုယ်ကြားရုံလေး ပြောလိုက်သည် ။Baekhyun စိတ်တိုင်းကျ ဟိုဟိုဒီဒီ စူးစမ်းပြီး.. မိမိသိချင်နေသည့် အကြောင်း ကိုမေးလိုက်သည် ။

Mafia ချစ်​သူDonde viven las historias. Descúbrelo ahora