Ep 18

2.9K 217 5
                                    

                  🖤Mafiaချစ်သူ  🖤

🍃🍃🍃🍃🍃

..လမ်းသေးသေးလေး ပေါ်ကို လျှောက်လှမ်းလာသည့်.. ကောင်လေးတစ်ယောက်.. လက်ထဲမှာလည်း.. အဖွားကြိုပေးထားသည့် ဆေးကို မြေအိုးလေး ထဲထည့်လာကာ...ရွာရဲ့အဆုံးမှာ ရှိသည့် သဲအိမ်ကလေး.. ဆီကိုအေးဆေးစွာ ဦးတည်လာနေသည်။

သဲအိမ်ကလေးက ရွာအဆုံးမှာရှိတာကြောင့်.. ချောင်းအသေးလေး တစ်ခုလည်းရှိပြီး... တောင်တန်းတွေနှင့် နီးကပ်နေသည်။

...
သဲအိမ်ကလေးက ဆောက်ထားတာကြာနေပြီဆိုပေမဲ့.. ခုထိ ဘာမှမပျက်စီးသေးပေ..ပိုင်ရှင်ဖြစ်သူက လွန်ခဲ့သည့် နှစ်.နှစ်လောက်ကမှ ဆုံးသွားတာကြောင့်. အိမ်က အခုထိ ပိုင်ရှင်ရှိသလို ဖြစ်နေသည်။
ပုံမှန်ဆို Kyung ဒီအိမ်ကို ယောင်လို့တောင် လာမည်မဟုတ်ပေ...သရဲကိုကြောက်လို့..
အခုတော့ ဒီအိမ်ထဲမှာ.. သတိပြန်မလည်နိုင်သေးသည့်.. သူ့လူနာ ရှိနေတာကြောင့်.. ရောက်လာခြင်းပင်....

..........................

အိမ်ထဲရောက်တော့ Kyung ယူလာသည့် ဆေးအိုးလေးကို.. ချထားလိုက်ပြီး ဇလုံတစ်ခုကိုယူကာ ရေအနည်းငယ် ဖြည့်လိုက်ပြီး ..လက်ကိုင်ပဝါ လေးကို ရေထဲထည့်လိုက်ကာ.. ပြန်ညစ်ထုတ်ပြီး.. ထိုလူကို ရေပတ်တိုက်ပေးနေသညိ။မျက်နှာချောချောလေးကို ရေပတ်တိုက်ပေးနေသည်။
Kyung နေ့စဉ်မပျက်... ဒီလူကို လာပြုစုပေးပေမဲ့ ဒီလူကတော့.. ခုထိ ပြန်နိုးလာမည့်အလားအလာတောင်မရှိ

Kyung ' Kyung ဒုက္ခ ခံပြီးခများကို နေ့တိုင်းလာပြုစုပေးနေရတာ.. ဒါတောင် ခများသေသွားလို့ရတော့.. ခများရဲ့ အလောင်းကို ရစရာ
မရှိအောင်လုပ်ပြီး.. ငါးမန်း ကြီးကို သွားကြွေးပစ်မယ် သိလား...
Kyung မကျေမနပ် ရေရွတ်ကာ... ထိုလူရဲ့ မျက်နှာ ချောချောလေးကို.. ရေဝတ်နှင့် ဖြေးဖြေးဆီ သန့်စင် ပေးနေသည်.

ဒီလူကတော်တော်ချောတာပဲ.
မွေးလာကတည်းက ဒီနေ့အထိ အဲ့လောက်ချောတဲ့ လူကို တကယ်မမြင်ဖူးဘူး..တကယ်ပါ ကျိန်ဆို ကျိန်ရဲတယ်..
အာာ Kyung Soo မင်းဘာတွေ တွေးနေတာလဲ..
မဟုတ်တရုတ် အတွေးတွေကို ခေါင်းထဲက ထုတ်လိုက်ကာ..
ခြောက်ခါစ ဖြစ်နေသည့်.. ပဝါလေးကို
ရေထဲသို့ တဖန်ပြန်ထဲ့လိုက်ပြီး..ရေတွေကို ပြန်ညစ်ထုတ်ကာ
ထိုလူရဲ့လည်ပင်းတစ်လျှောက် နှင့် ရင်အုံ ကို ရေပတ်တိုက်ပေးလိုက်တော့... ကျယ်ပြန့်သည့် ရင်ခွင်တစ်စုံကြာင့်.. Kyung တံတွေး တစ်ချက်မျိုချလိုက်သည်။

Mafia ချစ်​သူWhere stories live. Discover now