Chap1

38K 1.3K 55
                                    

ကျမနာမည်က မိုးစက်။
နာမည်က ဆန်းသလောက် လူကလည်းဆန်းတယ်😌😌😌

မြို့ပြအင်ဂျင်နီယာ အလောင်းအလျာ( ပြောသာပြောရတယ် ခုမှ sec year)

အမြဲအချေတစ်လိုင်းနဲ့နေတတ်သူမို့ အပေါင်းအသင်းက ကောက်ရိုးပုံထဲ အပ်ရှာရသလို ရှားလှတယ်

အမြဲတမ်း အတန်းရဲ့ အလယ်မှာတစ်ယောက်တည်းထဲထိုင်ပြီး မျက်မှန်ထူထူကြီးနဲ့ စာလုပ်နေတဲ့ကျမ။

သူငယ်ချင်းကတော့ ၃ ယောက်ပဲရှိတယ် ။ အဲ့တာကလည်း ငယ်ငယ်တည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေမို့။

👧👧အင်ကြင်းကတော့ ကျမရဲ့ best friပါ။အမြဲ အနားကနေ အားပေးကူညီတတ်သူကြီးပါ။ သူက ကျမနဲ့ မေဂျာတူတူပဲ။

👩👩သွန်းသွန်းစံ ကတော့ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက်ကြီး
သူနဲ့ကျမဆုံတိုင်း မထိတထိစကြရင်း ရန်ဖြစ်လေ့ရှိတယ် သူကတော့ EP က။

👨👨နောက်တစ်ယောက်ကတော့ အံဘုန်း
သူကတော့ အကိုတစ်ယောက်လို ချစ်ရတဲ့သူ။ သူလည်း Civilကပဲ။

အံဘုန်း---"ငမိုး ရေ....."

လှမ်းကြည့်လိုက်တော့ အသံပြဲကြီးနဲ့ ပြေးလာတဲ့ ဘုန်းကြီး
မိုး---"ဘာတုန်းဟ...အလန့်တကြား"

အံဘုန်း---"နင်ကလဲ...မတွေ့ရတာကြာလို့ကို"

မိုး---"စနေ တနင်္ဂနွေနှစ်ရက်ပဲ ရှိပါသေးတယ်.. ဘာတွေအဲ့လောက့် အကဲပိုနေတာလဲ"

နှစ်ယောက်သားစကားပြောနေတုန်း အင်ကြင်းရောက်လာပြီး

အင်ကြင်း--- "ငမိုးနဲ့ ဘုန်းကြီးရေ....good morning"

လာပြန်ပြီတစ်ယောက် ကျောင်းရှေ့မှာ အော်ကြီးဟစ်ကျယ်လာအော်န်ေပြန်ပြီ

မိုး---"ငါနားမကန်းသေးဘူး"

အင်ကြင်း---"ဟီး.."

အံ့ဘုန်း---နင်ဘာတွေအူမြူးနေတာလဲ ငကြင်းမ

အင်ကြင်း---နင်ကိုပြောစရာလား..       ငါ့ပျော်စရာကိစ္စကို..ဖယ်ဖယ်

မိုး---yah..ငကြင်းမ..မိသွန်းမပါဘူးလား

အင်ကြင်း---ငါတော့..ထီပေါက်တော့မယ်ဟေ့. ဘုန်းကြီးရေ

Crush of meWhere stories live. Discover now