Ch 20

13.5K 697 17
                                    

မိုး .. သိလား... ညမလေးလက်ထဲကို မိုးကို ထည့်ပေးလိုက်တဲ့အခါ မ ဘယ်လောက်ရင်နာလဲ ဆိုတာ..။

အမိန့်နဲ့ တားမြစ်ချက်တွေကို မလွန်ဆန်နိုင်ပဲ ရုပ်သေးရုပ်တစ်ရုပ်လို နာကျင်မှုတွေ ဥပေက္ခာပြု
ပြီး ရှေ့ဆက်ခဲ့မိတယ် .. နောက်ကို ပြန်လှည့်လိုက်ချိန်မှာမှ မ.. ချစ်ခဲ့ရတဲ့ မိုး နဲ့ ဒီလောက်တောင်ဝေးကွာသွားခဲ့ရပြီမှန်း သိခဲ့ရတယ်...။

ကိုယ်ကိုယ်တိုင်က သစ္စာဖောက်ဖြစ်နေတော့လည်း
မိုးကို အပြစ်တင်ရဲတဲ့ သတ္တိမရှိဘူး။ မဟုတ်ဘူး ။ အပြစ်တင်ခွင့်တောင် မရှိတာပါ မိုးရယ်။

အခုလို ညမလေးနဲ့ပျော်နေတာ တွေ့တော့လည်း ပျော်ပါတယ်မိုးရယ်။ သိပ်ချစ်ခဲ့ပါတယ်မိုး။

မပြောဖြစ်ခဲ့တဲ့ စကားတွေနဲ့ နေနှိုင်းခ တစ်ယောက် ကောင်းကင်ကြီးကို ငေးရင်း...

"ငါလဲ တိမ်တိုက်တွေလဲ အတားအဆီး မရှိ လွင့်မျောနေနိုင်ရင်ကောင်းမယ်"

"×××××လေယာဉ်ထွက်ခွာတော့မည့်ဖြစ်ပါသဖြင့်×××"

"အော် အချိန်တောင် ဒီလောက်ရှိသွားပြီကိုး.. 😧😧"

ထိုင်ပြီးတွေးနေရာမှ ထွက်သွားရတော့မယ့် အချိန်ရောက်တော့လည်း ဝမ်းနည်းလာပြန်သည်။

"မမ နေ..နှိုင်း...ခ"

ဒါ နှင်းလေး အသံ...

"မမ... "

"နှင်းလေး😟"

နောက်မှာ ပါလာသူကတော့ နေနှိုင်း အတွေ့ချင်ဆုံးသောသူ။

နှင်းကတော့ ဖက်ပြီး
"မမ... ပြန်မလာတော့ဘူးဆို😭😭😭 ညမလေးကြောင့်လား.."

" ညမလေးက ..ဘယ်လိုသိ"

မေးတာကို မဖြေပဲ ငိုပဲ ငိုနေသည့် နှင်းကြောင့်

"မနေနှိုင်းခ ဒီနေ့တော့ ပြန်လိုက်ခဲ့လိုက်ပါ နှင်းနဲ့ စကားပြောပြီးမှ.. ဆက်ဆုံးဖြတ်ပေါ့"

ကိုယ်ရှေ့မှာ ငိုကြွေးနေသည့် တစ်ဦးတည်းသော ညီမလေးအား ဒီအတိုင်း ထားလိုက်သည်အထိ နေနှိုင်းခ အသည်းမမာနိုင်ပါ။
➖➖➖➖➖➖➖➖➖➖
ကားနောက်ခန်းမှာ နေနှိုင်းရဲ့ လက်ကို နှင်းရတီတစ်ယောက် ကိုင်ထားပြီး အိပ်ပျော် နေလျက်။

Crush of meWhere stories live. Discover now