Ch 22

12.4K 710 20
                                    

မာန်-- ဟဲလို.. မ.. လား.. ကျနော် ပြန်ရောက်ပြီ

မာန်အသံကို ကြားလိုက်သည့် တစ်ခဏ သွန်း ကမ္ဘာကြီး ရန်တန့်သွားသလို.. ဒါပေမယ့် .. နှလုံးသားလေးကတော့ အခုန် မြန်နေခဲ့သည်

ဘာရယ်ကြောင့်မှန်း မသိ မျက်ရည်တို့ကလည်း အတားအဆီးမဲ့စွာ ကျဆင်းလာပြီး.. တစ်ဖက်မှ မာန့်ကို ပြောစရာစကားတို့က ရှာမရဖြစ်နေ၏

မာန်-- မ...ဟဲလို..

သွန်းဖက်က အသံမကြားရတာကြောင့် မာန် စိတ်မကောင်းဖြစ်သွားမိသည်။

"မ💚"ဆိုသော contact name လေးအား အကြိမ်ကြိမ်အခါခါ ချီတုံချတုံဖြင့် ကြိုးစားသတ္တိမွေးပြီး ခေါ်လိုက်ရသော်လည်း.. လွမ်းနေရသော မ အသံကို မကြားရသေး။

အချိန်အတန်ကြာသည်အထိ အသံကြားလိုကြား ငြား ကိုင်ထားပါသော်လည်း မိနစ်တို့သာ တရွေ့ရွေ့ကုန်ဆုံးသွားသဖြင့်

မာန်-- မ စကားမပြောချင်လည်း ရပါတယ်.. ဖုန်းချလိုက်တော့မယ်နော်

ပြောစရာစကားတို့ ပျောက်ဆုံးနေချိန် တစ်ဖက်မှ မတည်ငြိမ်သော မာန့်အသံ... ဝမ်းနည်းနေသော မာန့်အသံကြောင့်.. မျက်ရည်တို့က အတားအဆီးမဲ့စွာဖြင့်..

သွန်း-- မာန်😭😭😭

ရုတ်တရက်ကြီး ထငိုလိုက်သော သွန်းကြောင့် တဖက်မှ မာန့်မှာ လန့်သွားသည်။

မာန်-- မ.. ဘာဖြစ်လို့လဲ.😓

သွန်း-- 😭😭😭😭😭😭

သွန်းမေမေ မှာတော့ ရုတ်တရက်ကြီး ရယ်လိုက် ငိုလိုက်ဖြစ်နေသော သမီးဖြစ်သူအားကြည့်၍ ခေါင်းတခါခါဖြင့်.. ရူးနေပြီ ဟူ၍သာ ။

➖➖➖➖➖➖➖➖➖➖➖➖➖➖

မာန်တစ်ယောက် ကျုံးဘေးနားတွင် ထိုင်လိုက် ထလိုက်နဲ့ ဂနာမငြိမ်..။

ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်... လမ်းကို မျှော်ကြည့်လိုက်... နာရီကြည့်လိုက်နှင့်...။

"ခုမှ ၄နာရီခွဲပဲ ရှိသေးတာကို .. "

"အချိန်တွေကလဲ နှေးလိုက်တာ

ရှင်းသန့်မာန်တစ်ယောက် ယခုကဲ့သို့ ဂနာမငြိမ် ဖြစ်နေခြင်းကား.. သွန်းသွန်းစံဆိုသော သူ၏ မကြောင့်ပင်။

Crush of meWhere stories live. Discover now