Ch 23 (FINAL)

21.5K 1.1K 64
                                    

နှင်းရတီ တစ်ယောက်.. အလုပ်တွေများသဖြင့်..
ရုံးမဆင်းနိုင်သေး....။

ဆောက်လုပ်ရေးအပြင် စားသောက်ဆိုင်ပါ တိုးချဲ့ပြီး ဖွင့်လိုက်သောကြောင့်... အလုပ်တွေပိနေခြင်းဖြစ်သည်။.

အချိန်ကြည့်လိုက်တော့.. ၇နာရီ ထိုးနေပြီ...
ညနေမိုးချုပ်နေသဖြင့်.. မိုးကို ဖုန်းဆက်ရန် ကြည့်လိုက်တော့..

"10 miss calls... from... Lusoegyi😒"

သွားပြီ meeting မှာ silentလုပ်ထားသည်ကို ပြန်မဖွင့်မိလိုက်..

မိုးတော့ တော်တော်စိတ်ပူနေလောက်သည်။ အင်မတန် မေ့တတ်လွန်းသော ဦးနှောက်ကိုသာ အပြစ်တင်ရင်း..

နှင်း--" hello.. မိုး.. "

မိုး-- ဘာလဲ

ခပ်ပြတ်ပြတ် အသံကြောင့် မိုးစိတ်တိုနေကြောင်း နှင်းသတိထားမိသည်။ထို့ကြောင့် အတတ်နိုင်ဆုံး အသံကို ချွဲရင်း...

နှင်း-- မိုး.က...လဲ.. ဘေဘီက ဖုန်းကို အသံတိတ် ထားမိလို့ပါ😔

မိုး နှုတ်ခမ်းဆူလိုက်ပြီး...

မိုး-- ဘာ ဘေဘီ လဲ လုပ်မနေနဲ့.😒 ဒီက ဘယ်လောက်တောင် စိတ်ပူနေလဲ သိရဲ့လား😒

နှင်း-- သိပါတယ်..😔😔

မိုး-- ကုမ္ပဏီရှေ့ရောက်နေပြီ ဆင်းလာခဲ့တော့..

နှင်းရတီလည်း ခပ်မြန်မြန်ပင် လက်ဆွဲအိတ်အား ယူလိုက်ပြီး အမောတကော ပြေးဆင်းလာခဲ့သည်။

မိုးစိတ်ဆိုးနေသည်ကို ကြောက်တာထက် မိုးမျက်နှာကို မမြင်ရတာ နာရီပေါင်းများစွာကြာခဲ့ သည်မို့။

ပိုလွန်းသည်တော့မဟုတ်။ ချစ်လွန်းလို့ပါ။

တွေ့ပါပြီ။hoodie အမဲလေးနဲ့ ဂျင်းဘောင်းဘီအပြာလေးကို ဝတ်ဆင်ကာ  ကားပြာလေးကို မှီပြီး ရပ်စောင့်နေသော သူမ။

ခြေလှမ်းတို့က မိုးရင်ခွင်ထဲ တန်းမတ်စွာ လျှောက်လှမ်းပြီး

ကိုယ်သင်းနံလေးရှူလိုက်တာ..

နှင်း-- အခုမှပဲ အမောပြေတော့တယ်

မိုးစက်က အလိုမကျစွာ နှုတ်ခမ်းဆူလိုက်ပြီး

မိုး-- "ပြောတတ်တယ်နော် ရှင်ဟာလေ😒"

Crush of meWhere stories live. Discover now