သွန်းသွန်းစံတစ်ယောက် မနက်နိုးလာတော့ ခေါင်းတွေနောက်ကျိနေ၏။
ကုတင်ဘေးက ခုံပေါ်ကြည့်လိုက်တော့ အသည်းပုံ
ပန်းရောင်စာရွက်လေးတစ်ရွက်...နဲ့ ရေတစ်ခွက်လက်ရေးဝိုင်းဝိုင်းလေးနဲ့ရေးထားတာက
"မမ♡♡..နိုးလာရင်..သံပုရာရည်သောက်လိုက်..ဖျော်ထားတယ်"
သံပုရာရည်သောက်ပြီး ခေါင်းနဲနဲ ကြည်တော့မှ
အခန်းကို ကြည့်လိုက်တော့..."😨😨😨ငါ ဘယ်ရောက်နေတာလဲ"
အခန်းက ကိုယ့်အခန်းမဟုတ်...။
ကုတင်ခြေရင်းက ခပ်ချောချောပုံလေးကို မျက်လုံးပွတ်ကာ သေချာကြည့်လိုက်တော့မှ"ရှင်း...သန့်......မာန်😨"
ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်တော့...အင်္ကျီတော့ ရှိသေးသည်။...
ဒါပေမယ့်...ကိုယ့် အဝတ်အစားတွေမဟုတ်..😨
မာန် အင်္ကျီလဲ ပေးတာကို တွေးပြီး...မျက်နှာတွေ
နီရဲတွတ်နေ၏😳😳😳မနေ့က ဘာဖြစ်ခဲ့လည်း စဉ်းစားစမ်း..စဉ်းစား😳
မူးနေတာပဲ မှတ်မိသည်။Flash back...
မိုးစက်နဲ့ နှင်းရတီ အတူပြန်သွားတာကို ကြည့်ပြီး
သွန်းသွန်းစံ ဒေါသတွေထွက်လာသည်။
တစ်ခါမှ မသောက်ဘူးတဲ့ အရက်တွေ လှိမ့်သောက်နေ၏...Man-" ဟေး တစ်ယောက်တည်းလား.."
လက်ကလည်း ပခုံးကို လာထိ၏
ထိုလက်ကို တစ်ယောက်ယောက်က လာပြီး ပုတ်ချကာ
"ခွပ်....."
အထိုးခံလိုက်ရသည်မို့ ထိုလူကြောင်သွားသည်။သွန်းလှည့်ကြည့်လိုက်တော့
"ရှင်းသန့်မာန်"သွန်းခေါ်လိုက်တာကို မာန်မကြား....
မာန်--"ခင်ဗျား...ကျတော့် မမရဲ့ အသားကို မထိပါနဲ့ နောက်တစ်ခါ ထိရဲ ထိကြည့်..."
မာန် သွန်းလက်ကို ဆွဲပြီး ခပ်ကြမ်းကြမ်းခေါ်လာမိ
သည်။...သွန်းတော်တော် မူးနေသည်မို့ မာန်ကို မရုန်းနိုင်။သွန်း--လွှတ်...လွှတ်..
ပြောသာပြောနေရသာ....လူကတော့ ကောက်ကောက်ပါ သွားလေရဲ့။
YOU ARE READING
Crush of me
Romanceကိုယ် crushနေတဲ့ ကောင်မလေးက ကိုယ့်ကို ချစ်ကြောင်းဖွင့်ပြောသောအခါ (Both Zawgyi amd Unicode)