မိုးစက် ဒီနေ့ အစောကြီးနိုးနေတယ်
ကျောင်းသွားဦးမှပဲ ဆိုပြီး ထကာ ပြင်ဆင်နေလိုက်တယ်မိုး--"မေမေရေ မိုးကျောင်းသွားဦးမယ်"
မေမေ--"ဟဲ့ မိမိုး ဒီနေ့ကျောင်းပိတ်တယ်လေ"
အယ် ဟုတ်သား သူ့တွေ့ချင်စောနဲ့ ကျောင်းပိတ်တာမေ့နေတာ
ဟိုသုံးကောင်ကို ဖုန်းဆက်ပြီး အပြင်သွားရမယ်
"ဟဲလို အင်ကြင်းလား "
"ပြော မိုး"
"အပြင်သွားရအောင်"
"အစောကြီးရှိသေးတယ် နောက်တစ်နာရီလောက်မှ ထွက်ခဲ့မယ်"
"သွန်းနဲ့ အံ့ဘုန်းကို ပြောလိုက်ဦး"
"သွန်းကိုနင်ပဲပြောလိုက် bye"
"Yarr $&@&#*(# ချပစ်တယ်"
သွားချင်တဲ့ သူဆိုတော့လည်း ဘေကုန်ခံရမှာပေါ့😓😓😓
"တူ.....တူ....တူ"
တစ်ခါခေါ်တယ် မကိုင် ၂ခါခေါ်လည်းမကိုင်
ဘာဖြစ်နေလဲ မသိဘူး ငါပဲဝင်ခေါ်လိုက်တာကောင်းပါတယ်လေ
"မေမေရေ ကားယူသွားမယ်နော်😄😄😄"
မေမေ့ရဲ့ မျက်စောင်းရောက်မလာခင် ကားသော့ယူကာ မြန်မြန်ပြေးရတယ် တော်ကြာ ပွပွစိစိနဲ့ ပြောလိုပြီးမှာလည်း မဟုတ်
🚘🚘🚘🚘🚘
သွန်းသွန်းစံအိမ်ရှေ့ရောက်တော့ ကားရပ်ပြီး အိမ်ထဲဝင်လိုက်တယ်
"အန်တီမေရေ ......"
"အော် သမီးလေး မိုးစက်ပါလား...သမီးသူငယ်ချင်းက အခန်းထဲမှာ"
"ဟုတ် ...သွားလိုက်ဦးမယ်နော်"
သွန်းအခန်းရှေ့ရောက်တော့ တံခါးမခေါက်ပဲ ဝင်သွားလိုက်တယ်
သူ့ကျောပေးပြီး တဘတ်လေးပတ်ထားပြီး စိုနေတဲ့ ဆံပင်တွေကို သုတ်နေတဲ့ သွန်းသွန်းစံ
မိုးမှာ ရင်ခုန်ရမယ့် သူမရှိခဲ့ရင် အခုချိန်ဆို ရင်ခုန်နေမိမှာ
ဒါပေမယ့်လည်း သွန်းအပေါ် သူငယ်ချင်းတစ်ယောက်ထက်ပို့လို့မရခဲ့
YOU ARE READING
Crush of me
Romanceကိုယ် crushနေတဲ့ ကောင်မလေးက ကိုယ့်ကို ချစ်ကြောင်းဖွင့်ပြောသောအခါ (Both Zawgyi amd Unicode)